သျှမ်းပြည်မြို့တော် တောင်ကြီးမြို့ပေါ်က လမ်းဘေးဝဲ/ယာ မှာရှိတဲ့ လူနေအိမ်နဲ့ အဆောက်အဦးတွေ ဆေးသုတ်ဖို့စစ်ကောင်စီလက်အောက်ခံစည် ပင်သာယာရေးဌာနကညွှန်ကြားထားပြီး လိုက် နာဆောင်ရွက် ခြင်းမရှိတဲ့ အိမ်တွေကို အရေး ယူ မယ်လို့ သိရပါတယ် ။
အောက်တိုဘာ ၂၇ ရက်စွဲနဲ့ မြို့နယ်စည်ပင် စည်းတံဆိပ်ပါ အသိပေးစာကိုဒီကနေ့မနက်ကအနောက် မြို့ပတ်လမ်း လူနေအိမ် ခြံဝန်းတံခါးတွေမှာ လာထားသွားတယ်လို့ တောင်ကြီး မြို့ခံ တစ်ဦးကပြောပါတယ် ။
” စည်ပင်ကတံဆိပ်နဲ့ လက်မှတ်ပါတဲ့ အသိပေးစာကို ခြံဝန်း တံခါးကြားထဲ လာညှပ်သွားတယ် ၊ ဘယ်သူလာ ညှပ်သွားတယ် မသိဘူး အိမ်နီးနားချင်းတွေမေးကြည့်တော့လဲ သူတို့လဲရတယ် ဘယ်ကလဲမသိဘူး လာပေးသွားတယ်လို့ပြောတယ် ခိုးကြောင် ခိုးဝှက် နဲ့ အမိန့်လာပေးသလို ပဲ အိမ်သုတ်ဆေးတွေက စျေးအရမ်းကြီးသွားပြီ မတတ်နိုင်ကြတော့ဘူး ” လို့ပြောပါတယ် ။
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် တောင်ကြီး မြို့ကိုသာယာလှပစေဖို့ လမ်းဘေး ဝဲယာက ဌာနဆိုင်ရာရုံး ၊ ပုဂ္ဂလိက နေအိမ်အ ဆောက်အဦးတွေနဲ့ ဝန်းခြံတွေကို ဆေးသုတ်ဖို့ လိုက်နာ ဆောင်ရွက် ရမှာဖြစ်ပြီး မလိုက်နာရင် သျှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေနဲ့အညီ အရေးယူမယ်လို့ စည်ပင်သာယာရဲ့ အသိပေးစာထဲမှာ ပါရှိပါတယ် ။