သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းနှစ်သစ်ကူးအကြိုညမှာ ကျောက်မဲမြို့တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၁၀)ဦး သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရ

သျှမ်းနှစ်သစ်ကူးအကြိုညမှာ ကျောက်မဲမြို့တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၁၀)ဦး သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရ

Hsan Loi Editor
01/12/2024
Share:

 

သျှမ်းနှစ်သစ်ကူးအကြိုညမှာ သျှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၁၀)ဦး သေဆုံးပြီး (၂၀)ဦး ထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၉)လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း TNLA ထံမှ သိရသည်။

 

ကျောက်မဲမြို့ရှိ အင်ကြင်းတောင်ရပ်ကွက်တွင် ယမန်‌နေ့ နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ(၆း၃၀) အချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ပေါင်(၅၀၀)ဗုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၎င်းရပ်ကွက်အတွင်းရှိ ဒေသခံ (၁၀)ဦး ထိမှန်သေဆုံးပြီး (၂၀)ကျော် ထိမှန်ဒဏ်ရာရရှိခဲ့ဟု သိရသည်။

 

စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေဖြင့် အမြဲအသင့်ရှိကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက တရားဝင် ထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက် ကျောက်မဲမြို့အား လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။