သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မိုင်းဖုန်းဆရာတော်ကြီး အထူးဒေသ(၄)သို့ကြွရောက်တော်မူကာ တရားရေအေးတိုက်ကျွေးခဲ့ 

မိုင်းဖုန်းဆရာတော်ကြီး အထူးဒေသ(၄)သို့ကြွရောက်တော်မူကာ တရားရေအေးတိုက်ကျွေးခဲ့ 

Hsan Loi Editor
30/11/2024
Share:

 

မိုင်းဖုန်းဆရာတော်ကြီးသည် ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှတစ်ဆင့် အထူးဒေသ(၄)သို့ နိုဝင်ဘာ ၂၇ ရက်နေ့က ကြွရောက်တော်မူခဲ့ကြောင်း သိရသည်။

 

မိုင်းဖုန်းဆရာတော် သည် ဘူတန်နိုင်ငံ၊ ဟိမဝန္တာတောင်တန်း၏ မုကျားဟိရိရေခဲတောင်ပေါ်ရှိ ‌ခူးပါးရင်းပိုချေကျောင်း၌ ရက်ပေါင်း ၉၀ သီတင်းသုဉ်းနေတော်မူခဲ့ပြီးနောက် မိုင်းဖုန်းကျောင်းတိုက်သို့ပြန်လည်ကြွရောက်တော်မူခဲ့သည်မှာ မကြာသေးကြောင်း ဆရာတော်၏ တပည့်သာဝကများထံမှ သိရသည် ။

 

ယင်းနောက်ဆရာတော်သည် နိုဝင်ဘာလ (၂၆)ရက်နေ့တွင် တာချီလိတ်မြို့မှတဆင့် ကျိုင်းတုံမြို့သို့ ကြွရောက်ကာ တပည့်ဒါယိကာများအား တရားရေအေး တိုက်ကျွေးပြီး မိုင်းလား အထူးဒေသ (၄)သို့ နိုဝင်ဘာလ (၂၇)ရက်နေ့တွင် စတင်ထွက်ခွါခဲ့သည်ဟုသိရသည် ။

 

မိုင်းဖုန်းဆရာတော်ကြီးသည် ကွယ်လွန်သွားခဲ့သည့် အထူးဒေသ(၄)၏ ဥက္ကဋ္ဌဦးစိုင်းလင်းအားမြေချထားသော ဗိမ္မာန်သို့ကြွရောက်တော်မူပြီး တရားဓမ္မများဟောကြားခြင်း၊ ညပိုင်းတွင် ဒွေနဂရရွှေစေတီတော်၌ တရားဓမ္မများဟောကြားခြင်းများပြုလုပ်တော်မူခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည် ။

 

Photo credit original uploader.