နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကယားပြည်နယ် လွိုင်ကော်မြို့နယ် လင်ဖုံလေးကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီစစ်ကြောင်း ခလရ (၈၀) တပ်ရင်းတစ်ရင်းလုံးနီးပါး သေဆုံးခဲ့ဟုဆို

ကယားပြည်နယ် လွိုင်ကော်မြို့နယ် လင်ဖုံလေးကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီစစ်ကြောင်း ခလရ (၈၀) တပ်ရင်းတစ်ရင်းလုံးနီးပါး သေဆုံးခဲ့ဟုဆို

Hsan Loi Editor
28/11/2024
Share:

 

၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့တွင် စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ ခလရ (၈၀) တပ်ရင်း သည် ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နယ် လင်ဖုံလေးကျေးရွာအနီး စစ်ကြောင်းထိုးရာမှ တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းလုံးနီးပါး သေဆုံးခဲ့ပြီး အနည်းငယ်သာ ဖမ်းဆီးထားကြောင်း တော်လှန်ရေးအင်အားစုများ၏ သတင်းဖော်ပြမှုအရ သိရသည်။

 

“လွိုင်ကော်မြို့နယ် လင်ဖုံလေးမှာ မနက်အစောပိုင်းကနေ ညနေစောင်းအထိ ထိတွေ့တိုက်ပွဲဖြစ်ပြီးတော့ စကစ စစ်ကြောင်းတစ်ကြောင်းလုံးနီးပါး ကျကုန်တယ်။ အရှင်ဖမ်းမိတဲ့ စစ်သုံ့ပန်းအချို့နဲ့ တစ်ယောက်စ နှစ်ယောက်စ ထွက်ပြေးသွားတာလောက်ပဲရှိမယ်။ သူတို့တွေဆီကနေ လက်နက်ခဲယမ်းတွေအများကြီး သိမ်းဆည်းရမိထားတယ်။”ဟု ရှေ့တန်းရောက် KNDF တော်လှန်ရေးတပ်သားတစ်ဦး ပြောပြသည်။

 

လက်ရှိတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြန်လည်ပြုလုပ်နေသည်။ ဒါ့အပြင် ပင်လောင်းဖက်ကဆင့် ဖယ်ခုံ၊ မိုးဗြဲဘက်သို့ စစ်ကောင်စီတပ်သားများ ဖြည့်တင်းနေကြောင်း သတင်းရရှိသည်။