ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုံးသတ်ဖြတ်မှု ကျုးလွန်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင် ရာ ရာဇဝတ်တရားရုံးတော်သို့ တရားစွဲရှေ့နေက ယနေ့မှာ လျှောက်လွှာတင်သွင်းကြောင်း သိရသည်။
၂၀၁၆−၁၇ ခုနှစ်များအတွင်း မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မှုများတွင် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခြင်းခံရသည့် ရာဇဝတ်မှုများနှင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် နောက်ဆက်တွဲ စွန့်ခွာပြေးမှုများအတွက် နိုဝင်ဘာလ(၁၄)ရက် ၂၀၁၉ခုနှစ်မှ စတင်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ICC တရားစွဲရှေ့နေ အနေဖြင့် ယခုလျှောက်ထားခြင်းသည် မြန်မာအစိုးရ ထိပ်တန်းအရာရှိ တစ်ဦးအတွက် ဖမ်းဝရမ်းကို ရုံးတော်မှ ပထမဆုံးအကြိမ် လျှောက်ထားခြင်းဖြစ်ကြောင်းသိရသည်။
