သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းပြည်နယ်အရှေ့ပိုင်းရှိ ရွှေတူးဖော်မှုများကြောင့် မယ်ဆိုင်တွင် မကြုံစဖူး ရေကြီးမှုဖြစ်ပြီး နုံးမြေတင်ကျန်မှု အန္တရာယ်ဖြစ်ပေါ်ဟုဆို

သျှမ်းပြည်နယ်အရှေ့ပိုင်းရှိ ရွှေတူးဖော်မှုများကြောင့် မယ်ဆိုင်တွင် မကြုံစဖူး ရေကြီးမှုဖြစ်ပြီး နုံးမြေတင်ကျန်မှု အန္တရာယ်ဖြစ်ပေါ်ဟုဆို

Hsan Loi Editor
27/11/2024
Share:

 

ထိုင်းနိုင်ငံသဘာဝအရင်းအမြစ်ဌာန၏ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် လေ့လာမှုအရ မယ်ဆိုင်မြို့မြောက်ပိုင်း နယ်စပ်ဒေသတစ်လျှောက်တွင် ရေကြီးရေလျှံမှုအတွင်း မကြုံစဖူးနုံးမြေများ တင်ကျန်မှုနှင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့ခြင်းမှာ မိုင်းဆတ်မြို့ အရှေ့ပိုင်းရှိ အကြီးစား ရွှေတူးဖော်ထုတ်လုပ် မှုများကြောင့် ဖြစ်သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)က ထုတ်ပြန်ထားပါသည်။

 

ရွှေထုတ်လုပ်မှုနှင့် သတ္တုတူးဖော်မှုများကြောင့် ၎င်းဒေသ အနီးအနားရှိ သဘာဝပတ်ဝန်းကျင် ကို ဆိုးရွားစွာ ထိခိုက်စေပြီး သတ္တုတွင်းမှ စွန့်ပစ်ပစ္စည်းများ မြစ်အတွင်းသို့ စီးဝင်သောကြောင့် မြစ်ရေ ညစ်ညမ်းစေသည့်အပြင် ပတ်ဝန်းကျင်အနီး နေထိုင်သူများ အပါအဝင် ထိုင်းနိုင်ငံ အတွင်းနေထိုင်သူများ အထိ ကျန်းမာရေး အကျိုး သက်ရောက်မှုများ ဖြစ်ပေါ် စေကြောင်း SHRF မှ ထုတ်ပြန်ထားသည်။

 

ယခင်ကာလ၌ မယ်ဆိုင်မြို့နှင့်တာချီလိတ်မြို့များတွင် ရေကြီးရေလျှံမှုများမကြာခဏ ဖြစ်ပေါ်ခဲ့သော်လည်း နုံးပါဝင်မှု မများခဲ့ဘဲ ယခုတစ်ကြိမ် ရေကြီးမှုမှာ နုံးပါဝင်မှု အများဆုံးဖြစ်ခဲ့ပြီး ပြန်လည်ဖယ်ရှားရန် အခက်ခဲဆုံးနှင့် ကုန်ကျစားရိတ် အများဆုံးဖြစ်ခဲ့သည်ဟု ဆိုသည်။

 

ယခုနှစ်အတွင်း ထိုင်းအစိုးရ၏ လေ့လာမှုများအရ မယ်ဆိုင်မြစ်၏ ရေကြောင်းတစ်လျှောက် မျောပါလာသော နုံးများတွင် အာဆင်းနစ်၊ နီကယ်လ်နှင့် ဇင့် ပါဝင်မှု အများဆုံးဖြစ်ပြီး ဇင့်ပါဝင်မှုမှာသတ်မှတ် ထားသည့်ပမာ ဏ ထပ် ၁၈ ဆပိုများနေကြောင်း SHRF မှ ထုတ်ပြန်ထားသည်။

 

ဂြိုလ်တုမြေပုံများကို လေ့လာမှုများအရလည်း မြို့အတွင်းရှိတင်ကျန်နေသာနုံးများ အဓိက ဖြစ်ပေါ်စေသည့် အကြောင်းမှာ မိုင်းဆတ်မြို့အရှေ့ပိုင်း မယ်ဆိုင် မြစ်တစ်လျှောက် (မယ်ဆိုင် အထက်ပိုင်း)ရှိ ရွှေတူးဖော်ထုတ်လုပ်မှုများ ကြောင့်ဖြစ်သည်ဟု SHRF မှ ထုတ်ပြန်ထားသည်။