သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

နမ့်လန်မြို့မှာ လက်နက်ကြီးကျလို့ အသက်(၇၀)ခန့်အရွယ်ရှိ အဖွားတစ်ဦးထိခိုက်ဒဏ်ရာရ

နမ့်လန်မြို့မှာ လက်နက်ကြီးကျလို့ အသက်(၇၀)ခန့်အရွယ်ရှိ အဖွားတစ်ဦးထိခိုက်ဒဏ်ရာရ

Hsan Loi Editor
23/11/2024
Share:

 

ယနေ့ နိုဝင်ဘာလ(၂၃)ရက် နေ့လည်(၁၂း၂၀) နာရီခန့် အချိန်တွင် သျှမ်းပြည်‌နယ်မြောက်ပိုင်း နမ့်လန်မြို့ရှိ ကောင်းလန်း ရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အဖွားတစ်ဦး ထိခိုက် ဒဏ်ရာရရှိကြောင်း သိရသည်။

 

” နေ့လည် ၁၂ နာရီကျော်က ကောင်လန်းရပ်ကွက်ထဲက လူနေအိမ်တွေပေါ် ရှော့တိုက်ဒုံး ၃ လုံး ကျရောက် ပေါက်ကွဲတယ်၊ အဲ့အိမ်က အသက် ၇၀ အဖွားတစ်ဦး ဒဏ်ရာရရှိသွားတယ်၊ ဘယ်အဖွဲ့က ပစ်တာလဲ သေချာတော့မသိဘူး” လို့ ဒေသခံတစ်ဦးထံမှသိရသည်။

 

ယခုလက်နက်ကြီးပစ်ခတ်မှုသည် မည့်သည့်အဖွဲ့အစည်းမှ ပစ်ခတ်သွားသည်ကို Hsan Loi Voice အနေဖြင့် ဆက်လက်စုံစမ်းနေပြီး နမ့်လန်မြို့ကိုတော့ စစ်ကောင်စီက ထိန်းချုပ်ထားတာဖြစ်ပါသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ(၅)ရက်ကလည်း နမ့်လန်မြို့ရှိ တောင်ရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဒေသခံပြည်သူများ၏နေအိမ်များ ထိခိုက်ပျက်စီးရကြောင်း သိရသည်။