သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က အများပြည်သူအသုံးပြုနေသည့် မောက်မယ်-ဆိုက်ခေါင် ပွန်ချောင်း တံတားကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ပွန်‌ချောင်းတံတား ဖြတ်သန်းသွားလာမှု ခေတ္တပိတ်ထား

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က အများပြည်သူအသုံးပြုနေသည့် မောက်မယ်-ဆိုက်ခေါင် ပွန်ချောင်း တံတားကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ပွန်‌ချောင်းတံတား ဖြတ်သန်းသွားလာမှု ခေတ္တပိတ်ထား

Hsan Loi Editor
20/11/2024
Share:

 

ယမန်နေ့ နိုဝင်ဘာလ(၁၉)ရက် နံနက်(၁ဝး၃၀) နာရီအချိန်ခန့်က စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ PNO ပြည်သူ့စစ်သည် အများပြည်သူအသုံးပြုနေသည့် ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်အစပ် ဟိုနမ့်- ဆိုက်ခေါင် ပွန်ချောင်းတံတားအား လေယာဉ်ဖြင့် ဗုံး ၃ ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က စတင်ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ခြင်းကြောင့် ဟိုနမ့်-ဆိုက်ခေါင် ပွန်ချောင်းတံတားအနီးတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း PNLA ထံမှ သိရသည်။

 

” မနေ့က ကျွန်တော်တို့ တောင်ကြီးကနေ မောက်မယ်ဘက် ခရီးသွားမလို့ ပွန်ချောင်းတံတားမှာ တိုက်ပွဲ ဖြစ်တယ်ဆိုပြီး ပြန်လှည့်လိုက်ရတယ် ” လို့ ခရီးသွားတစ်ဦးထံမှသိရသည်။

 

ထို့အပြင် တောင်ကြီး – ဆိုက်ခေါင်- မောက်မယ် လမ်းကို ခေတ္တပိတ်ထား‌ကြောင်း စုံစမ်းသိရသည်။