နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ဖာပွန်ခရိုင် မဲဝိုင်ဒေသကို စစ်ကောင်စီတပ်မှ (၂) ရက်ဆက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်မှုကြောင့် ပြည်သူလူထု နေအိမ်အများအပြား ပျက်စီး

ကရင်ပြည်နယ် ဖာပွန်ခရိုင် မဲဝိုင်ဒေသကို စစ်ကောင်စီတပ်မှ (၂) ရက်ဆက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်မှုကြောင့် ပြည်သူလူထု နေအိမ်အများအပြား ပျက်စီး

Hsan Loi Editor
20/12/2022
Share:

 

ကရင်ပြည်နယ် ဖာပွန်ခရိုင် မဲဝိုင်ဒေသ KNU တပ်မဟာ (၅) နယ်မြေကို စစ်ကောင်စီတပ်မှ (၂) ရက်ဆက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) က ယနေ့ ဒီဇင်ဘာလ(၂၀) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယမန်နေ့ ဒီဇင်ဘာ(၁၉) ရက်နေ့ နံနက် (၈) နာရီတွင် မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် မဲဝိုင်ကျေးရွာအုပ်စု ခေါဝါးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်တိုက်လေယာဉ်များ ရောက်ရှိလာပြီး ဗုံးကြဲသွားခဲ့ကြောင်း ဖော်ပြထားသည်။ နံနက်(၁၀) နာရီအရောက်တွင်လည်း နောက်တစ်ကြိမ် ထပ်မံရောက်ရှိလာပြီး ဗုံးကြဲချခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ (၁၈) ရက်နေ့ကလည်း မဲဝိုင်ကျေးရွာအုပ်စု ဝါသိုးလော်ရွာသို့ စစ်ကောင်စီတိုက်လေယာဉ်များ ရောက်ရှိလာပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်(၁၈) အိမ်ခန့် နှင့် စပါးကျီများ ဗုံးထိမှန် ပျက်စီးခဲ့ရကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ ယခုလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသလို နေအိမ်များပျက်စီးမှုကြောင့် အခက်အခဲများ ကြုံတွေ့ရင်ဆိုင်နေရ ကြောင်း သတင်းရရှိသည်။

#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/