နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်အရှေ့ပိုင်းတွင် အင်အား ၄.၇ အဆင့်ရှိ ငလျင်လှုပ်ခတ် ထိခိုက်ပျက်စီးမှုမရှိ၊  မိုးရွာသွန်းမှုကြောင့် တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေ ပြန်လည်မြင့်တက်

သျှမ်းပြည်နယ်အရှေ့ပိုင်းတွင် အင်အား ၄.၇ အဆင့်ရှိ ငလျင်လှုပ်ခတ် ထိခိုက်ပျက်စီးမှုမရှိ၊ မိုးရွာသွန်းမှုကြောင့် တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေ ပြန်လည်မြင့်တက်

Hsan Loi Editor
08/11/2024
Share:

 

သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် နှင့် ကျိုင်းတုံမြို့အပါအဝင် မြို့နယ်အချို့တွင် ယမန်နေ့နိုဝင်ဘာလ(၇)ရက် ည ၁၁း၀၀ နာရီ အချိန်ခန့်ကငလျင်လှုပ်ခတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

 

မိုင်းဖြတ်မြို့အနီးကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး (၄.၇)အဆင့် လှုပ်ခတ်သွားကြောင်း ထိုင်းနိုင်ငံ အမျိုးသားဘူမိဗေဒဌာနမှ သတင်းထုတ်ပြန်ထား‌ပါသည်။

 

” ကျွန်မဆိုင်သိမ်းပြီးပြန်လာချိန် ည ၁၁ လောက် မှာ ငလျင်လှုပ်ခတ်သွားတာ ခေါင်းတောင်မူးတယ်၊ ထိခိုက်ပျက်စီးမှုတော့မရှိဘူး” လို့ ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လတွင်းက သျှမ်းပြည်နယ်အ‌ရှေ့ပိုင်း တာလေမြို့ကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး(၆.၈) အဆင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ရာ လူပေါင်း ၇၀ ကျော် သေဆုံးပြီး လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရရှိကာ နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်မြို့နှင့် တာချီလိတ်မြို့မှာ ယနေ့ နိုဝင်ဘာလ(၈)ရက်မှာ မယ်ဆိုင်ချောင်းရေ ပြန်လည်မြင့်တက်ပြီး ရေကြီးရေလျှံဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

 

ရေကြီး ရေလျှံနှင့် မြေပြိုမှု ဖြစ်ပေါ် ခဲ့‌သောဒေသများမှာ နိုဝင်ဘာလ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်နေ့ တွေမှာ မိုးများနိုင်တာကြောင့် မြေပြိုမှု၊ တောင်ကျ‌ေချာင်းရေ ရုတ်တရက်ကျဆင်းလာမှုနှင့်ပတ်သက်ပြီး သဘာဝဘေးများ ထပ်မံဖြစ်လာနိုင်မှာကို သတိပြုကြစေလိုကြောင်း မိုးဇလ ပညာရှင် ဦးဝင်းနိုင်က သတိပေးပြောကြားထားပါသည်။