အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် သည် ဒုသမ္မတ Kamala Harris ကို အနိုင်ယူပြီး ၄၇ ယောက်မြောက် သမ္မတ ဖြစ်လာကြောင်း မီဒီယာကြီးတစ်ခုဖြစ်တဲ့ Fox News မှ ကြေညာထားပါသည်။
ရွေးကောက်ပွဲ အနိုင်ရဖို့ ၂၇၀ မဲမှာ ရီပတ်ဘလစ်ကန်ပါတီမှ ထရမ့်က ၂၆၇ မဲ ရရှိထားပြီး ပြိုင်ဖက်ပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီမှ ဟဲရစ် ကတော့ ၂၄၄ မဲ ရရှိထားပါသည်။
မဲရေတွက်မှု မပြီးပြတ်သေးသော်လည်း မြောက်ကာရိုလိုင်းနား၊ ဂျော်ဂျီယာနှင့် ပန်ဆယ်လ်ဗေးနီးယား ပြည်နယ် သုံးခုသည် ထရမ့်က အနိုင်ယူနိုင်ခဲ့ပြီး အခြားပြည်နယ်လေးခုဖြစ်တဲ့ နီဗားဒါး၊ အရီဇိုးနား၊ မစ်ရှီဂန်နှင့် Wisconsin တို့မှာလည်း ထရမ့် က မဲအသာစီး ရနေပါသည်။
ထရမ့်သည် လွန်ခဲ့သည့် လေးနှစ်ကထက် ထောက်ခံမှု ပိုမိုရရှိခဲ့ကာ ပြီးခဲ့သည့် နာရီပိုင်းက ဖလော်ရီဒါပြည်နယ်က မဲရလဒ်စောင့်ကြည့်တဲ့ ပြည်သူများထံသို့ အောင်ပွဲမိန့်ခွန်း ပြောကြားခဲ့ေကြာင်း သိရှိရပါသည်။
