နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အမေရိကန်ရွေးကောက်ပွဲမှာ ထရမ့် မဲရလဒ် အသာစီးရနေ

အမေရိကန်ရွေးကောက်ပွဲမှာ ထရမ့် မဲရလဒ် အသာစီးရနေ

Hsan Loi Editor
06/11/2024
Share:

 

ယနေ့ နိုဝင်ဘာလ ၆ ရက် အမေရိကန်ပြည် ထောင်စုတွင် ဒေသစံတော်ချိန် နိုဝင်ဘာလ(၅) ရက်နေ့ ညသန်းခေါင်ယံအချိန်မှာ အမေရိကန် မဲဆန္ဒရှင်များသည် သမ္မတအသစ်အတွက် မဲပေးရန် မဲရုံထဲသို့ သွားရောက်မဲပေးခဲ့ပြီး ပြည်နယ်(၄၀)ကျော်က မဲရုံ ပိတ်လိုက်ချိန်မှာ ဒေါ်နယ်ထရမ့် ၏ မဲရလဒ်ကအသာစီးရရှိနေပါသည်။

 

အမေရိကန်ရှိ လူဦးရေ ၈၂ သန်းကျော် (သို့) အရည်အချင်းပြည့်မီသော မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒ ရှင်အားလုံး၏ သုံးပုံတစ်ပုံကျော်သည် ကြိုတင်မဲပေးထားပြီး ပြည်နယ်တစ်ခုချင်းစီတွင် ရွေးကောက်ပွဲနေ့မတိုင်မီက မဲပေးသူ ၃ သန်းကျော်ရှိ‌ ကြောင်းသိရသည်။

 

ရွေးကောက်ပွဲ တရားမျှတရင် ရွေးကောက်ပွဲမှာ ရှုံးနိမ့်တာကို လက်ခံမယ်လို့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဒေါ်နယ်ထရန့်က ဖြေကြားခဲ့ပါသည်။

 

အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အများစုက ထရမ့် ကို မဲပေးကြပြီး ဒီမိုကရေစီလိုလာသူများက ကမ်မီလာဟဲရစ် ကို မဲပေးရွေးချယ်ကြပါသည်။

 

မည်သို့ပင်ဆိုစေကာမူ ယခုရွေးကောက်ပွဲသည် အမေရိကန်ပြည်သူများ၏ ကြီးမားတဲ့အပြောင်းအလဲဖြစ်သွားမလားဆိုတာ တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါသည်။