နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေကြောင့် သျှမ်းပြည်နယ်မှာ မိုးများနိုင်ဟုဆို 

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေကြောင့် သျှမ်းပြည်နယ်မှာ မိုးများနိုင်ဟုဆို 

Hsan Loi Editor
06/11/2024
Share:

 

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်‌လယ်အော် အရှေ့တောင်ပိုင်းပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းရဲ့ အရှိန်ကြောင့် သျှမ်းပြည်နယ်အတွင်း မိုးများနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦး၀င်နိုင် က ယနေ့ နိုဝင်ဘာလ (၅)ရက်မှာ သတိပေးထုတ်ပြန်ထားပါသည်။

 

နို၀င်ဘာလ(၆)ရက်နေ့မှ (၈)ရက်နေ့အထိ ရခိုင် ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းအနောက်ပိုင်းနဲ့ ပဲခူးတိုင်းအရှေ့မြောက်ပိုင်း၊ တောင်ငူမြို့အထက်ပိုင်း၊ နေပြည်တော်၊ သျှမ်းပြည် နယ်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ မန္တလေးမြို့အောက်ဘက်‌ဒေသတို့မှာ မိုးများနိုင်သည်ဟု ပြောဆိုထားပါသည်။

 

အချို့ဒေသတွေမှာ ဒေသအလိုက်နေရာကွက်ပြီး မိုးကြီးတာ ဖြစ်နိုင်ပြီး မြစ်ချောင်းအင်းအိုင်အနီးတွင် နေထိုင်ကြသူများ ရေကြီး၊ ရေလျှံမှုကို ကြိုတင်သတိပြု ရှောင်ရှားကြရန်နှင့် လေပြင်းတိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားကြောင်း သိရသည်။