သျှမ်းပြည်နယ်မြောက်ပိုင်းနှင့် သျှမ်းကယားနယ်စပ်တွင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်တို့ ယနေ့အထိ တိုက်ပွဲများပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည့်ကြားက သျှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို (၉.၁၁.၂၀၂၄) ရက်နေ့မှ (၁၅.၁၁.၂၀၂၄)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ညမီးကြီး (၂၆)လုံး၊ စိန်းနားပန် (၂၁)လုံးနှင့် နေ့လွတ်အရုပ်များ လွှတ်တင်သွားမည်ဟု တောင်ကြီးတန်ဆောင်တန် ရိုးရာမီးပုံးပျံပြိုင်ပွဲကျင်းပရေးကော်မတီက ဖော်ပြထားသည်။
