နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဖုန်းလိုင်းနှင့်အင်တာနက်ဖြတ်တောက်ခံထားရမှုကြောင့် သျှမ်းမြောက်တွင် Starlink WiFi စက် ကျပ်သိန်း (၁၆၀) အထိ ပေါက်ဈေးရှိနေ

ဖုန်းလိုင်းနှင့်အင်တာနက်ဖြတ်တောက်ခံထားရမှုကြောင့် သျှမ်းမြောက်တွင် Starlink WiFi စက် ကျပ်သိန်း (၁၆၀) အထိ ပေါက်ဈေးရှိနေ

Hsan Loi Editor
03/11/2024
Share:

 

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ၏ တိုက်ပွဲကြောင့် သျှမ်းပြည်နယ်မြောက်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေးအပြင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း ပြတ်တောက်လျက်ရှိသည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသော မြို့နယ်တော်တော်များများတွင် တိုက်ပွဲဖြစ်ပွားမှုများ ရပ်တန့်နေပြီဖြစ်သော်လည်း စစ်ကောင်စီတပ်၏ မကြာခဏ လေကြောင်းတိုက်ခိုက်မှု ခံနေရဆဲဖြစ်သည်။

 

“ သျှမ်းမြောက် တစ်ကြောလုံးတော့ ဘာဖုန်းလိုင်း ဘာအင်တာနက်လိုင်းမှ မရတော့ဘူး။ တိုက်ပွဲကတော့ မဖြစ်တော့ဘူးဆိုပေမယ့် စစ်ကောင်စီဘက်ကနေ မကြာမကြာ လေယာဉ်နဲ့ဗုံးလာကြဲနေတာတွေရှိတယ်။ မြို့ခံတော်တော်များများကတော့ မြို့ထဲကိုပြန်ဝင်လာနေကြပါပြီ။ ဖုန်းလိုင်း အင်တာနက်လိုင်းတွေမရှိတော့ Starlink အင်တာနက်လိုင်းကို အသုံးပြုပြီး လိုင်းသုံးရတယ်။ ကျောက်မဲမြို့ထဲမှာတော့ Starlink တပ်ဆင်မှုကို TNLA က ပိတ်ထားတယ်။ မြို့ပြင်ကျေးရွာတွေမှာတော့ Starlink WiFi ကို အင်တာနက် ကဖေး လိုမျိုး အသုံးပြုနေတယ်။ စက်တစ်လုံးရဲ့ တန်ဖိုးက သိန်း (၁၆၀) အထိပေါက်ဈေးရှိတယ်။ အင်တာနက်သွားသုံးရင် တစ်နာရီ (၃၀၀၀) ကျပ်ပေးရပါတယ်။” ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

 

Starlink WiFi စက်အား TNLA အဖွဲ့နှင့် နီးစပ်သူများထံမှ ဝယ်ယူရရှိနေခြင်းဖြစ်သော်လည်း မြို့ထဲတွင် တပ်ဆင်ခွင့်ပိတ်ထားသည်ဟုဆိုသည်။

 

လက်ရှိတွင် သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း TNLA နှင့် စစ်ကောင်တပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲများငြိမ်သက်နေသော သျှမ်းပြည်နယ်မြောက်ပိုင်းဆီသို့ တိုက်ပွဲပြန်လည်ရောက်ရှိလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။