သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကွတ်ခိုင်မြို့မှာ လေကြောင်းဖြင့် ၃ကြိမ် လာရောက် ဗုံးကြဲချမှုကြောင့် TNLA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးဟုဆို

ကွတ်ခိုင်မြို့မှာ လေကြောင်းဖြင့် ၃ကြိမ် လာရောက် ဗုံးကြဲချမှုကြောင့် TNLA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးဟုဆို

Hsan Loi Editor
01/11/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် ယနေ့ နိုဝင်ဘာလ(၁)ရက် နံနက်အစောပိုင်းက စစ်ကောင်စီမှ လေကြောင်းဖြင့် (၃)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်ထံသိရသည်။

 

လူတွေအိပ်မောကျနေတဲ့အချိန် နံနက်(၃:၃၀)နာရီခန့်က စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံး(၁၅)လုံးခန့် လာရောက်ကြဲချသွားရာ ရပ်ကွက်(၃)၊ နတလရုံးဝန်းနှင့် ကွတ်ခိုင်တိုးဂိတ်အနီးမှာ ကျရောက်ပေါက်ကွဲကြောင်း စုံးစမ်းသိရသည်။

 

” လူတွေ အိပ်ပျော်နေတဲ့အချိန်မှာ မနက်(၃)နာရီကျော်မှာ ဗုံးလာကြဲသွားတာ အိမ်တွေတောင်တုန်တယ်၊ အေးရှားဝေါနဲ့ ယခင် အခွန်ရုံးဟောင်းမှာ ကျတာ တစ်ယောက်သေသွားတယ်လို့ ကြားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

 

အခွန်ရုံးဟောင်းမှာ TNLA တပ်ဖွဲ့ဝင်တစ်ဦး‌ေသဆုံးသွားတာနဲ့ ပတ်သက်ပြီး PSLF/TNLA ဘက်ကတစ်စုံတစ်ရာထုတ်ပြကြေငြာခြင်းမရှိသေးပါဘူး။

 

ပြီးခဲ့သည့် ဩဂုတ်လ(၅)ရက်က ကွတ်ခိုင်မြို့ရှိ မြို့မဈေးနှင့် လူနေရပ်ကွက်တွေထဲသို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲရာ ဒေသခံပြည်သူ(၆)ဦးသေဆုံးပြီး နေအိမ်နှင့် ဆိုင်ခန်းများစွာ ပျက်စီးကြောင်း သတင်းရရှိသည်။