TNLA ထိန်းချုပ်ထားသော သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အား ယနေ့ နိုဝင်ဘာလ (၁) ရက်နေ့ နံနက် (၃:၃၀) ဝန်းကျင်ခန့်တွင် စစ်ကောင်စီ ဂျက်ဖိုက်တာလေယာဉ်က ပေါင်-၅၀၀ ဗုံးဖြင့် ၃ ကြိမ်ကြဲချခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီဂျက်ဖိုက်တာလေယာဉ်သည် နံနက် ၃ နာရီ ၃၀ မိနစ်တွင်တစ်ကြိမ်၊ နံနက် ၃ နာရီ ၃၄ မိနစ်တွင်တစ်ကြိမ်၊ နံနက် ၃ နာရီ ၃၈ မိနစ်တွင်တစ်ကြိမ် ဗုံးကြဲချခဲ့ခြင်းဖြစ်ကာ ကွတ်ခိုင်မြို့ ရပ်ကွက်(၃) ၊ မြို့အထွက် တိုးဂိတ်၊ ဆေးရုံ၊ မီးသတ်ရုံးနှင့် အခွန်ရုံးတို့၌ ကျရောက်ပေါက်ကွဲခဲ့သည်။
ပေါင် ၅၀၀ အပြင် လေယာဉ်ဗုံးဖြင့် ၁၃ လုံးခန့် ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သတင်းရရှိသည်။
