နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကျောက်မဲမြို့နယ်အတွင်း SSPP နှင့် TNLA တို့ စစ်ရေးတင်းမာနေ

ကျောက်မဲမြို့နယ်အတွင်း SSPP နှင့် TNLA တို့ စစ်ရေးတင်းမာနေ

Hsan Loi Editor
01/11/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း နေရာယူထားသော SSPP အဖွဲ့နှင့် TNLA အဖွဲ့တို့ စစ်ရေးတင်းမာလျက်ရှိပြီး တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိသည်။

 

ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာ ၊ မိုင်းတင်းကျေးရွာအတွင်း SSPP ဘက်က တပ်သားအင်အားအများအပြား ဖြည့်တင်းလျက်ရှိပြီး စစ်ရေးပြင်ဆင်နေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

“ အရင်တစ်ပတ်လောက်က SSPP ဘက် မြို့နယ်မှူးအဆင့်ရှိသူနဲ့အဖွဲ့ဝင်တွေက နောင်ချိုဘက်ကို သျှမ်းရွာတွေဆီသွားတာကို TNLA ဘက်က ချောင်းမြောင်းပိတ်ဆို့ဖို့ လုပ်ခဲ့တယ်။ ပြီးတော့ နောင်ချိုမြို့နယ်ကို TNLA က တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်တဲ့အတွက် SSPP အဖွဲ့အနေနဲ့ ဝင်မလာဖို့ TNLA ဘက်ပြောတယ်လို့ကြားတယ်။ အဲ့ဒါနဲ့ SSPP ဘက်က ကျောက်မဲမြို့နယ်ထဲက နေရာတော်တော်များများမှာ စစ်အင်အားဖြည့်တင်းနေတာ တွေ့ရတယ်။” ဟု ကျောက်မဲမြို့နယ် ဇီးပင်စခန်းရွာခံတစ်ဦးက ပြောပြသည်။

 

ကျောက်မဲမြို့နယ်အတွင်း အချို့ကျေးရွာများတွင် SSPP က နေရာယူထားပြီး ကားလမ်းမကြီးတစ်လျောက်ကို TNLA က နေရာယူထားသည်။ ယခင်ကလည်း ကျောက်မဲမြို့နယ်အတွင်းရှိ SSPP နယ်မြေထဲကို TNLA အဖွဲ့က အတင်းဝင်ရောက်ခဲ့ခြင်းကြောင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး TNLA အရာရှိနှင့်အဖွဲ့ဝင်များ သေဆုံးခဲ့ရသည်။