နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်လျက်ရှိပြီး ပြင်ဦးလွင်-နောင်ချို-ကျောက်မဲလမ်းကို ယာယီပိတ်ထား

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်လျက်ရှိပြီး ပြင်ဦးလွင်-နောင်ချို-ကျောက်မဲလမ်းကို ယာယီပိတ်ထား

Hsan Loi Editor
28/10/2024
Share:

 

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့သည် သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး ပြင်ဦးလွင်-နောင်ချို-ကျောက်မဲလမ်းပိုင်းအား ဖြတ်သန်းခွင့်ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။ နောင်ချိုမြို့အား စစ်ကောင်စီတပ်က အဘက်ဘက်ကနေ ပြန်လည်ထိုးစစ်ဆင်ရန် ပြင်ဆင်လျက်ရှိပြီး TNLA နေရာယူထားသော စခန်းအချို့ကိုလည်း သိမ်းယူနိုင်ခဲ့သည်ဟု စစ်ကောင်စီသတင်းအရင်းအမြစ်များက ဆိုသည်။

 

နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စု ဂန့်ကော်ရွာတွင် စခန်းချနေထိုင်နေသော TNLA တပ်စခန်းအား စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ပြီး အောက်တိုဘာလ (၂၇)ရက်နေ့တွင် ပြန်လည်သိမ်းပိုက်ခဲ့သည်ဟုဆိုသည်။ တစ်ဖက်တွင်လည်း TNLA နှင့် တော်လှန်ရေးအင်အားစုများက ၎င်းတို့သိမ်းပိုက်ရရှိထားသော နေရာများ ဆုတ်ခွာမပေးရရေးအတွက် စစ်ရေးပြင်ဆင်နေသည်ဟုဆိုသည်။

 

“စစ်တပ်ဘက်က နေ့တိုင်း တိုက်လေယာဉ်တွေနဲ့ ဆက်တိုက်ဗုံးကြဲပြီးတော့ကို ထိုးစစ်ပြန်ဆင်နေတယ်။ ပြီးတော့ ဒရုန်းတွေလည်း ဆက်တိုက်အသုံးပြုနေလို့ TNLA နဲ့ တော်လှန်ရေးတပ်ဘက်က ပြန်ဆုတ်ပေးနေရတာတွေရှိတယ်။ ကြည့်ရတာတော့ နောင်ချိုမြို့ကို စစ်ကောင်စီဘက်က အရပြန်တိုက်ယူမယ့် ပြင်ဆင်မှုမျိုးတွေမြင်နေရတယ်။ လမ်းမကြီးပေါ်ကိုလည်း စစ်ကောင်စီတပ်သားတွေ ပေါ်တင်ပြန်တက်လာကြတာတွေရှိတယ်။”ဟု ပြင်ဦးလွင်မြို့တွင် ရောက်ရှိနေသော နောင်ချိုဒေသခံ အမျိုးသားတစ်ဦးကပြောပြသည်။

 

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲပြန်လည်ပြင်းထန်လာခြင်းကြောင့် ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ ကားလမ်းပိုင်းအား ယာယီပိတ်ဆို့ထားပြီး ခရီးသွားများအနေဖြင့် အခြားလမ်းများကိုသာ ခက်ခဲစွာ အသုံးပြုသွားလာနေရကြောင်း သတင်းရရှိသည်။