သျှမ်းပြည်နယ်မြောက်ပိုင်း MNDAA ထိန်းချုပ်ထားသောသိန္နီမြို့ကို စစ်ကောင်စီက ယမန်နေ့ ညပိုင်းက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဗုံးအများအပြားကြဲချတိုက်ခိုက်ခြင်းဖြစ်ပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်း အပါအဝင် ဒေသဆိုင်ရာ ပြည်သူ့အဆောက်အဦးအများအပြားထိခိုက်ပျက်စီးခဲ့သည်ဟု MNDAA က ထုတ်ပြန်ထားသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦးထိခိုကပျက်စီးမှုရှိသော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း သတင်းရရှိသည်။
