နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တောင်ခမ်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ကျောက်ဂူ-နောင်ချိုလမ်းတစ်လျောက် စစ်ကောင်စီအဖွဲ့ ကင်းပုန်းချထား

တောင်ခမ်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ကျောက်ဂူ-နောင်ချိုလမ်းတစ်လျောက် စစ်ကောင်စီအဖွဲ့ ကင်းပုန်းချထား

Hsan Loi Editor
24/10/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် TNLA + တော်လှန်ရေးအင်အားစုများ ယနေ့ (၂၄.၁၀.၂၀၂၄) ရက်နေ့ နံနက်ပိုင်းအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီဘက်က ၎င်းတို့​၏ တပ်စခန်းများမကျရေးအတွက် တိုက်လေယာဉ်ဖြင့် အကြိမ်ကြိမ် ရမ်းသမ်းဗုံးကြဲချနေသည်။

“ သီပေါကျသွားတော့ တော်လှန်ရေးအဖွဲ့တွေဘက်က တောင်ခမ်းဘက်ကို ဦးတည်လာနေတယ်ဆိုပြီး စစ်တပ်ဘက်က လေကြောင်းပစ်ကူတွေနဲ့ သူတို့တပ်စခန်းကို ခုခံကာကွယ်နေတယ်။ ပြီးတော့ နောင်ချိုမြို့ပေါ်ကိုလည်း ခဏခဏ ဗုံးလာကြဲလို့ ပြည်သူအိမ်တွေ အများကြီးပျက်စီးနေတယ်။” ဟု ကျောက်ဂူတိုက်နယ်ကို ရောက်ရှိတိမ်းရှောင်နေသော နောင်ချိုဒေသခံတစ်ဦးက ပြောပြသည်။

လက်ရှိတွင် နောင်ချို-ကျောက်ဂူ ကားလမ်းမကြီးတစ်လျောက် စစ်ကောင်စီ​၏ တပ်ဖွဲ့ဝင်များက ကင်းပုန်းများစွာချထားပြီး ခရီးသွားများထံလည်း အမျိုးမျိုး ငွေညစ်တောင်းခံလျက်ရှိဟု ခရီးသည်တင်ယာဉ်မောင်းတစ်ဦးထံ သိရသည်။

“ ကျောက်ဂူကနေ ဆင်းလာရင် ဒုဋ္ဌဝတီတံတားမရောက်ခင်အထိကို စစ်ကောင်စီတပ်သား ၄-၅ ယောက်လောက်ရှိတဲ့ ကင်းပုန်းအဖွဲ့တွေ ၁၀ ဖွဲ့ကျော်လောက်က လမ်းတစ်လျောက်လုံးစောင့်နေတယ်။ ဖြတ်သွားဖြတ်လာသမျှကားတွေကိုတားပြီးတော့ စစ်တယ်။ ဘာမှမတွေ့လည်း တစ်နေရာကိုအနည်းဆုံး ၃၀၀၀ လောက်တော့ပေးရတာပဲ။” ဟု ခရီးသွားတစ်ဦးက ပြောပြသည်။

ကျောက်ဂူလမ်းမကြီးပေါ်တွင် စစ်ကောင်စီအဖွဲ့အပြင် SSPP အဖွဲ့လည်း နေရာယူထားသော ကားလမ်းကြီးဖြစ်သည်။