သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ဖက်ကာမြို့နယ်၊ နမ့်အွမ်အုပ်စု၊ ပန်ခါးကျေးရွာတွင် အောက်တိုဘာလ(၁၅)ရက် နံနက်ပိုင်းက အမျိုးသား ၂ဦးသည် တိုက်ပွဲအတွင်း မပေါက်ကွဲသေးသည့် (၆၀)မမ အမျိုးအစား လက်နက် ကြီး တစ်လုံး ယူဖြုတ်ရာမှ ပေါက်ကွက်မှုဖြစ်ပွားပြီး နှစ်ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားခဲ့ ကြောင်း TNLA ထံမှ သိရသည်။
သေဆုံးသွားသည့် အမျိုးသား (၂)ဦးသည် ပန်ခါးကျေးရွာတွင် နေထိုင်သည့် ခွန်ဂျာချောင် အသက်(၂၇) နှစ်နှင့် ခိုမုန်းကျေးရွာတွင် နေထိုင်သည့် ဦးညီထွမ်း အသက် (၆၀)နှစ်တို့ ဖြစ်ကြကြောင်းသိရသည်။
ပြီးခဲ့သည့် မတ်လ (၂၁)ရက်နေ့ကလည်း နမ့်ဖတ်ကာမှ အမျိုးသားတစ်ဦးသည် မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံးကို ယူဆော့မိရာမှ ပေါက်ကွဲပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။
