နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နမ့်ဖတ်ကာမြို့နယ် ပန်ခါးကျေးရွာတွင် (၆၀)မမ လက်နက်ကြီးတစ်လုံး ယူဖြုတ်ရာမှ ပေါက်ကွဲကာ အမျိုးသား (၂)ဦး ပွဲချင်းပြီးသေဆုံး

နမ့်ဖတ်ကာမြို့နယ် ပန်ခါးကျေးရွာတွင် (၆၀)မမ လက်နက်ကြီးတစ်လုံး ယူဖြုတ်ရာမှ ပေါက်ကွဲကာ အမျိုးသား (၂)ဦး ပွဲချင်းပြီးသေဆုံး

Hsan Loi Editor
18/10/2024
Share:

 

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ဖက်ကာမြို့နယ်၊ နမ့်အွမ်အုပ်စု၊ ပန်ခါးကျေးရွာတွင် အောက်တိုဘာလ(၁၅)ရက် နံနက်ပိုင်းက အမျိုးသား ၂ဦးသည် တိုက်ပွဲအတွင်း မပေါက်ကွဲသေးသည့် (၆၀)မမ အမျိုးအစား လက်နက် ကြီး တစ်လုံး ယူဖြုတ်ရာမှ ပေါက်ကွက်မှုဖြစ်ပွားပြီး နှစ်ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားခဲ့ ကြောင်း TNLA ထံမှ သိရသည်။

 

သေဆုံးသွားသည့် အမျိုးသား (၂)ဦးသည် ပန်ခါးကျေးရွာတွင် နေထိုင်သည့် ခွန်ဂျာချောင် အသက်(၂၇) နှစ်နှင့် ခိုမုန်းကျေးရွာတွင် နေထိုင်သည့် ဦးညီထွမ်း အသက် (၆၀)နှစ်တို့ ဖြစ်ကြကြောင်းသိရသည်။

 

ပြီးခဲ့သည့် မတ်လ (၂၁)ရက်နေ့ကလည်း နမ့်ဖတ်ကာမှ အမျိုးသားတစ်ဦးသည် မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံးကို ယူဆော့မိရာမှ ပေါက်ကွဲပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။