သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မိုင်းဆတ်မြို့ဝင် နမ့်ခုတ်ချောင်းကူး ဆိုက်ခေါင် ယာယီ‌ဘေလီတံတား ကျိုးကျပျက်စီးဟုဆို

မိုင်းဆတ်မြို့ဝင် နမ့်ခုတ်ချောင်းကူး ဆိုက်ခေါင် ယာယီ‌ဘေလီတံတား ကျိုးကျပျက်စီးဟုဆို

Hsan Loi Editor
18/10/2024
Share:

 

သျှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ဝင် နမ့်ခုတ် ချောင်းကူး ဆိုက်ခေါင်ယာယီဘေလီတံတားသည် အောက်တိုဘာလ(၁၇)ရက် နံနက်(၁၁)နာရီခွဲခန့် အချိန်တွင် ကျိုးကျပျက်စီးသွားကြောင်း သိရသည်။

 

အဆိုပါ တံတားသည် တောင်ကြီး- မိုင်းဆတ် – တာချီလိတ် သွားလမ်းပေါ်မှာတည်ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလ(၁၀)ရက်နေ့က မိုးသည်ထန်စွာ ရွာသွန်းပြီး နမ့်ခုတ်ချောင်း ရေကြီးရေလျှံဖြစ်ပေါ်မှုကြောင့် ဆိုက်ခေါင် RC ကွန်ကရစ်တံတား ပျက်စီးသွားကာ ယာယီဘေလီတံတား ပြန်လည်တည်ဆောက် ထားတာဖြစ်ပါသည်။

 

ယာယီဘေလီတံတား ပြန်လည်တည်ဆောက်လို့ မပြီး သေးခင်မှာ ကျိုးကျပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။

 

“ အခုယာယီတံတားကို ပြီးခဲ့တဲ့လ ၂၇ ရက်က စဆောက် တာ၊ ပြည်သူတွေ သွားလာအဆင်‌ပြေဖို့ တည်ဆောက်ရေးသမားလည်း ကြိုးစားလုပ်ပေးနေတာ၊ ဆောက်လို့ပြီးခါနီးကျမှ ပြန်ပျက်ကျသွားတယ်” လို့ မိုင်းဆတ် ဒေသခံကပြောသည်။

 

ဆိုက်ခေါင်တံတား ကျိုးကျပျက်စီးမှုကြောင့် နမ့်ခုတ်ချောင်းကို ဒေသခံပြည်သူများက စက်လှေဖြင့် ဖြတ်ကူးသွားလာနေရပြီး ကုန်စည်စီးဆင်းမှုအတွက် အခက်အခဲဖြစ်ကြောင်း သိရှိရပါသည်။