သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လေးကေ့ကော်မြို့အနီး စစ်ကောင်စီ၏ စွယ်တော်အမြောက်တပ်ကုန်းကို KNLA နှင့် တော်လှန်ရေးတပ်များသိမ်းပိုက်

လေးကေ့ကော်မြို့အနီး စစ်ကောင်စီ၏ စွယ်တော်အမြောက်တပ်ကုန်းကို KNLA နှင့် တော်လှန်ရေးတပ်များသိမ်းပိုက်

Hsan Loi Editor
17/10/2024
Share:

 

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီ၏ စွယ်တော်အမြောက် တပ်ကုန်းကို ယနေ့ စက်တင်ဘာလ(၁၇)ရက် နံနက်အစောပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် တော်လှန်ရေး ပူးပေါင်းတပ်က သိမ်းပိုက်ရရှိကြောင်း စုံစမ်းသိရသည်။

 

ပြီးခဲ့သည့် ဩဂုတ်လက စတင်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သော စစ်ကောင်စီ၏ စွယ်တော်အမြှောက်ကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များက (၂)လနီးပါး တိုက်ခိုက်ခဲ့ပြီး ယနေ့မှာ စစ်ကောင်စီ၏ လက်ကျန်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

ယခုသိမ်းပိုက်ရရှိသော လေးကေ့ကော်မြို့သစ်အနီးရှိ အဆိုပါ စွယ်တော်ကုန်းသည် စစ်‌ကောင်စီ၏ တပ်မ (၄၄)မှ ဗျူဟာမှူးအဆင့် အထိုင်ချသောနေရာဖြစ်ကြောင်း သိရသည်။