နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

PNLO-NCA-S သည် တရားဝင်မှုမရှိကြောင်းနှင့် ဗိုလ်မှူးကြီးခွန်ဥက္ကာအနေဖြင့် PNLO ဟူသော အမည်အသုံးပြုခွင့်မရှိကြောင်း PNLO ကြေညာ

PNLO-NCA-S သည် တရားဝင်မှုမရှိကြောင်းနှင့် ဗိုလ်မှူးကြီးခွန်ဥက္ကာအနေဖြင့် PNLO ဟူသော အမည်အသုံးပြုခွင့်မရှိကြောင်း PNLO ကြေညာ

Hsan Loi Editor
13/10/2024
Share:

 

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) သည် အောက်တိုဘာလ (၁၁)နှင့် (၁၂) နေ့တို့တွင် တတိယအကြိမ် ညီလာခံသက်တမ်း ဗဟိုကော်မတီနှင့်တပ်မှူးများ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့သည်။ PNLO နာယက ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာသည် စက်တင်ဘာ ၁၅ ရက်ကစ၍ အဖွဲချုပ်မှ နုတ်ထွက်ကြောင်း ထုတ်ပြန်ခဲ့သလို အောက်တိုဘာ ၉ ရက်တွင် PNLO – NCA-S ကို ပြန်လည်ဖွဲစည်းကြောင်း ကြေညာခဲ့သည်။

 

အဆိုပါကြေညာချက်နှင့်ပတ်သက်၍ PNLO အမည်ကို အလွဲသုံးစားပြု၍ အဖွဲဖွဲစည်းခဲ့ခြင်းမှာ PNLO ၏ အခြေခံမူနှင့် ဖွဲစည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်သည်ဟု PNLO အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြပြီး ဗိုလ်မှူးကြီးခွန်ဥက္ကာတို့အနေဖြင့် PNLO ဟူသော အမည်ကို အသုံးပြုခွင့်မရှိကြောင်း ထုတ်ပြန်ကြေညာလာသည်။