နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သီပေါနှင့် နောင်ချိုမြို့တို့တွင် စစ်ကောင်စစ်မှ ပေါင် (၅၀၀)ဗုံးဖြင့် လာရောက်ကြဲချမှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး နေအိမ်အများအပြားပျက်စီး

သီပေါနှင့် နောင်ချိုမြို့တို့တွင် စစ်ကောင်စစ်မှ ပေါင် (၅၀၀)ဗုံးဖြင့် လာရောက်ကြဲချမှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး နေအိမ်အများအပြားပျက်စီး

Hsan Loi Editor
12/10/2024
Share:

 

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် စစ်ကောင်စီမှ ပြည်သူလူထုကိုဦးတည်ကာ လေကြောင်း ဖြင့် ပေါင်(၅၀၀)ဗုံး (၃)လုံး လာရောက်ကြဲချခဲ့ပြီး နေအိမ်အများအပြားပျက်စီးသွားခဲ့သည်။

 

အောက်တိုဘာလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းတွင် သီပေါမြို့ ဇာတ်စုရပ်ကွက်နှင့်သီပေါအကျဉ်းထောင် အတွင်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထောင်အဆောက်အဦးနှင့် လူနေအိမ် (၇)လုံးကျော် ထိခိုက်ပျက်စီးသွားခဲ့ကြောင်း TNLA ထံမှသိရသည်။

 

ထို့အပြင် နောင်ချိုမြို့နယ် အင်းဖိုကျေးရွာတွင် အောက်တိုဘာလ ၉ ရက်နေ့ နံနက် (၁၀း၀၀)အချိန်က စစ်ကောင်စီမှ လေကြောင်းအသုံးပြုပြီး ဗုံး (၄)လုံး လာရောက်ကြဲချသလို အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်တွင်လည်း ဘန့်ဘွေး ရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ေကြာင်း သိရသည်။

 

စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး လူထုနေအိမ် အများအပြား ထိခိုက် ပျက်စီးသွားခဲ့ပြီး စစ်ရေးပစ်မှတ် မဟုတ် သည့် နေရာများတွင် နေ့စဥ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် လျက်ရှိကြောင်းသိရှိရပါသည်။