နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မုံးစီးမြို့နယ်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့်ဗုံးကြဲမှုကြောင့် အရပ်သား(၁)ဦး ထိခိုက်ဒဏ်ရာရ

မုံးစီးမြို့နယ်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့်ဗုံးကြဲမှုကြောင့် အရပ်သား(၁)ဦး ထိခိုက်ဒဏ်ရာရ

Hsan Loi Editor
11/10/2024
Share:

 

သျှမ်းပြည်မြောက်ပိုင်း မုံးစီးမြို့နယ် ရေပူစမ်းအပန်း‌ဖြေ‌နေရာတွင် ယမန်နေ့ အောက်တိုဘာလ (၁၀) ရက် နံနက်အစောပိုင်းက စစ်ကောင်စီမှလေကြောင်းဖြင့် လာရောက်ဗုံးကြဲမှုကြောင့် အရပ်သား(၁)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

 

စစ်ရေးပစ်မှတ်မဟုတ်သည့် ၎င်းရေပူစမ်းနေရာသည် မုံးစီးမြို့နယ်နှင့် တာမိုးညဲမြို့နယ်မှ ပြည်သူများ၏ အပန်းဖြေစခန်းနေရာတစ်ခုသာဖြစ်ပြီး စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံး(၄)လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး အဆောက်အဦးတစ်ချို့လည်း ပျက်စီးသွားကြောင်း PSLF/TNLA က ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် သြဂုတ်လ(၅)ရက်နေ့က စစ်ကောင်စီမှ ကွတ်ခိုင်မြို့အား တစ်နေ့အတွင်း (၄)ကြိမ် လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ခံ ပြည်သူ (၆)ဦး သေဆုံးခဲ့ရပြီး (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိကာ ကွတ်ခိုင်မြို့မဈေး မီးလောင်သွားခဲ့ပြီး ဆိုင်ခန်းပေါင်း(၄၀၁)ခန်း မီးလောင်ပျက်စီးသွားခဲ့‌ ကြောင်းသိရှိရပါသည်။