နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သီပေါမြို့ပေါ်အား စစ်ကောင်စီက လေကြောင်းဖြင့် ရမ်းသမ်းဗုံးကြဲတိုက်ခိုက်မှုကြောင့် မယ်သီလရှင်တစ်ပါး ပျံလွန်တော်မူခဲ့၊ သီပေါတွင် ခလရ -၂၃ တစ်ခုသာ စစ်ကောင်စီတပ်အဖြစ် ကျန်ရှိနေ

သီပေါမြို့ပေါ်အား စစ်ကောင်စီက လေကြောင်းဖြင့် ရမ်းသမ်းဗုံးကြဲတိုက်ခိုက်မှုကြောင့် မယ်သီလရှင်တစ်ပါး ပျံလွန်တော်မူခဲ့၊ သီပေါတွင် ခလရ -၂၃ တစ်ခုသာ စစ်ကောင်စီတပ်အဖြစ် ကျန်ရှိနေ

Hsan Loi Editor
10/10/2024
Share:

 

ယမန်နေ့ (၉.၁၀.၂၀၂၄) ရက်နေ့ မွန်းလွဲ (၃) နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် သီပေါမြို့ပေါ်အား ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို့ တောင်မြို့ရပ်ကွက်၊ အုတ်ကျင်းရပ်ကွက်နှင့် ပန်းတိမ်တောင်ရပ်ကွက်အတွင်းရှိ လူနေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ပြီး မယ်သီလရှင်တစ်ပါး ပျံလွန်ခဲ့သည်ဟုဆိုသည်။

 

“ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၃နာရီအချိန်မှာ စစ်ကောင်စီတပ်က Y-12လေယာဥ်နဲ့ ရွှေကျောင်းရပ်ကွက်နဲ့ ပန်တိမ်တောင်ရပ်ကွက်အတွင်း ဗုံး(၁၀)လုံးလာရောက်ကြဲချခဲ့ပါတယ်။ ဗုံးကြဲချမှုကြောင့် ရွှေကျောင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၊ ပြည်သူနေအိမ်များနဲ့ ပန်တိမ်တောင်ရပ်ကွက်ရှိ ဦးအိုက်တူးတို့နေအိမ် ထိခိုက်ပျက်စီးခဲ့ပါတယ်။ သီလရှင်တစ်ပါးလည်း ဗုံးထိမှန်ပြီး ပျံလွန်တော်မူခဲ့ရတယ်။” ဟု သီပေါမြို့ခံတစ်ဦးက ပြောပြသည်။

 

သီပေါမြို့တွင် စစ်ကောင်စီ၏ ခလရ – ၂၃ တပ်ရင်းတစ်ခုသာ ကျန်ရှိတော့ကား TNLA နှင့် တော်လှန်ရေး အင်အားစုများက သီပေါမြို့အား အလုံးစုံ သိမ်းပိုက်ရရှိရေး ထိုးစစ်ဆင်နေကြောင်း သိရသည်။