သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို RCSS မှ ပါဝင်တက်ရောက်ဆွေးနွေး

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို RCSS မှ ပါဝင်တက်ရောက်ဆွေးနွေး

Hsan Loi Editor
08/10/2024
Share:

 

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာကျင်းပတဲ့ မြန်မာ့ အရေးဆွေးနွေးပွဲကို သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ပါဝင်တက်ရောက် ဆွေးနွေးကြောင်း RCSS ၏ သတင်းဌာနဖြစ်တဲ့ Tai Freedoom မှ ဖော်ပြထားသည်။

 

လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ် အတည်းများ ဖြေရှင်းရန် အင်ဒိုနီးရှားအစိုးရ က RCSS ကို ဖိတ်ကြားလာတဲ့အတွက်ကြောင့် ပါဝင်တက်ရောက်ဆွေးနွေးကြောင်း သိရသည်။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးအင်အားစု အသီးသီးတို့ပါဝင်တဲ့ (၃)ရက်ကြာ အစည်း အဝေးကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃ ရက်၊ ၄ရက်နှင့် ၅ ရက်အထိ ကျင်းပပြီး အင်ဒိုနီးရှား၊ အာဆီယံ၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂမှ သံတမန်များနှင့် ကိုယ်စား လှယ်များ တက်ရောက်ကြောင်း သိရသည်။

 

အဆိုပါ မြန်မာ့အရေးဆွေးနွေးပွဲရလဒ်ကိုတော့ ထုတ်ပြန်ကြေငြာထားခြင်းမရှိပါဘူး။

 

လက်ရှိ လာအိုနိုင်ငံမှာ အောက်တိုဘာလ(၆)ရက်မှ (၁၁)ရက်အထိ အာဆီယံထိပ်သီး အစည်းအဝေးကျင်းပနေပြီး မြန်မာ့အရေးကို အဓိက အရေးကိစ္စအဖြစ် ဆက်လက်ဆွေးနွေး ကြောင်း စုံစမ်းသိရသည်။

 

အာဆီယံ၏ ဘုံသဘောတူညီချက်(၅)ချက်ကို ၂၀၂၁ ခု ဧပြီလမှာ ပြဌာန်းခဲ့ပေမယ့် စစ်ကောင်စီက လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ပါသည်။ အာဆီယံ၏ ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီ၏ ထိပ်ပိုင်းခေါင်းဆောင်တက်ရောက်ခွင့်ကို ဆက်လက်တားမြစ်ဆဲဖြစ်ကြောင်း သိရသည်။