သျှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့နယ်၌ တစ်နှစ်အတွင်း တတိယအကြိမ်မြောက် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိပြီး ဒေသခံပြည်သူများအခက်အခဲကြုံတွေ့နေချိန် RCSS/SSA တပ်သားများက ကွင်းဆင်းပြီး ကူညီဆောင်ရွက်မှုများပြုလုပ်ပေးနေကြောင်း သိရသည်။ ရပ်ကွက်အတွင်းရှိ ဆေးရုံ ဆေးခန်းရှေ့၊ စာသင်ကျောင်းရှေ့ နှင့် ဘုန်းကြီးကျောင်းရှေ့များတွင် ပိတ်ဆို့နေသော မြောင်းများအား ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ပေးခြင်း ရေစီးရေလာကောင်းမွန်စေရေး နေ့စဉ် ဆောင်ရွက်ပေးနေသည်။
