သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုးမြို့ကို ယနေ့နံနက်အစောပိုင်းက စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံး(၄)ကြိမ် ထပ်မံကြဲချ

လားရှိုးမြို့ကို ယနေ့နံနက်အစောပိုင်းက စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံး(၄)ကြိမ် ထပ်မံကြဲချ

Hsan Loi Editor
04/10/2024
Share:

 

ယနေ့ အောက်တိုဘာလ(၄)ရက် နံနက်အစောပိုင်းက လားရှိုးမြို့ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်ကြောင်း သိရသည်။

 

စစ်ကောင်စီမှ လေကြောင်းဖြင့် (၄)ကြိမ် လာရောက်ဗုံးကြဲတာဖြစ်ပြီး ရပ်ကွက်(၈)ထဲသို့ ကျရောက် ပေါက်ကွဲကာ လူထိခိုက်မှု ရှိမရှိ မသိရသေးပါ။

 

လားရှိုးမြို့မှာ ဆက်သွယ်ရေးလိုင်းအားလုံးလည်းပြတ်တောက်နေကြောင်းသိရသည်။

 

လားရှိုးမြို့နှင့် အထူးဒေသ(၁)ကို ဇူလိုင်လမှ စက်တင်ဘာလအထိ (၃)လသာအတွင်း စစ်ကောင်စီ ၏ လေကြောင်းတိုက်မှုကြောင့် အရပ်သားပြည်သူ (၃၀)ကျော် သေဆုံးပြီး (၉၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်အဆောက်အဦးများစွာ ထိခိုက်ပျက်စီးကြောင်း MNDAA က ထုတ်ပြန်ထားကြောင်း သိရသည်။