နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ကလောချောင်းရေ ပြန်လည်မြင့်တက်လာ

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ကလောချောင်းရေ ပြန်လည်မြင့်တက်လာ

Hsan Loi Editor
01/10/2024
Share:

 

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေ စီးဆင်းမှုကြောင့် ယနေ့ အောက်တိုဘာလ(၁)ရက် ညနေပိုင်းက ကလောမြို့တွင်း ရေပြန်လည်မြင့်တက် လာကြောင်း သိရသည်။

” ညနေပိုင်းကစပြီး ရေပြန်တက်လာတာ၊ အခု ရပ်ကွက်(၃)၊ ရပ်ကွက်(၂)ထဲရောက်နေတယ်၊ နာရီဝက်အတွင်းကို ရေက တစ်ပေလောက်တက်နေတာ၊ အခု ကယ်ဆယ်ရေးသမား‌တွေလည်း ပစ္စည်းတွေ ဝိုင်းရွေ့ပေးနေတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၁၀)ရက်က မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ကလောမြို့မှာ အမြင့်ဆုံးစံချိန်တင် ရေမှတ်ရောက်ရှိပြီး ရေကြီး‌ရေလျှံဖြစ်ပွား ကာ လူထိခိုက်သေဆုံးမှုနှင့် နေအိမ်အဆောက်အဦးပျက်စီး ဆုံးရှုံးမှု များစွာရှိကြောင်း သိရသည်။