သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သီပေါမြို့တွင် စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း ပြည်သူ(၄)သေဆုံးပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရ

သီပေါမြို့တွင် စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း ပြည်သူ(၄)သေဆုံးပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရ

Hsan Loi Editor
01/10/2024
Share:

 

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့တွင် စက်တင်ဘာ လ(၂၈)ရက်နေ့မှ(၃၀)ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၄)ဦး သေဆုံးကာ (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း TNLA မှထုတ်ပြန်ထားပါသည်။

 

စက်တင်ဘာ(၂၈)ရက်နေ့တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲချမှုကြောင့် ဇာတ်စုရပ်ကွက်တွင်(၃)ဦး၊ ဇာတ်စုရပ် နယ်မြေ(၃)တွင် (၁)ဦးနှင့် စျေးရပ်ကွက် ဘောလုံးကွင်းအနီးတွင်(၂)ဦး စုစုပေါင်း(၆)ဦး ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ပြီး ဒေသခံ နေအိမ်နှင့် စျေးဆိုင်းခန်း (၁၀)ကျော် ထိခိုက်ပျက်စီးခဲ့သည်ဟုဆိုသည်။

 

ထို့အပြင် စက်တင်ဘာလ (၂၉)ရက်နေ့ မွန်းလွဲ အချိန်တွင် စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် သီပေါမြို့ တွင်းသို့ ဗုံးကြဲချမှုကြောင့် သီပေါဆေးရုံ၊ အကောင်းကြိုက်ထမင်းဆိုင်၊ ဂိုးလက်ဖက်ရည်ဆိုင်၊ စာသင် ကျောင်း အနီး၊ သီပေါတံတားနှင့် မိုးလုံလေလုံအနီးတို့တွင် ကျရောက်ပေါက်ကွဲပြီး အမျိုးသား (၁)ဦး သေဆုံးကာ ပရဟိတအသင်းဝင် အမျိုးသား(၁)ဦး အပါအဝင် စုစုပေါင်း(၅)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

 

အလားတူ သီပေါမြို့ ခါလိန်ကျေးရွာတွင်လည်း စစ်ကောင်စီမှ ဗုံးကြဲချမှုကြောင့် အသက်(၇)နှစ်အရွယ် ကလေးငယ်(၁)ဦးအပါအဝင် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး မိသားစုဝင်(၃)ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ယမန်နေ့ညအချိန်တွင်လည်း စစ်ကောင်စီက ဂျက်လေယာဥ်နှင့် Y-12 လေယာဥ်အသုံးပြုပြီး လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။