သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မြန်မာနိုင်ငံရှိ ရေဘေးကူညီတုံ့ပြန်ရေးလုပ်ငန်းတွင်အသုံးပြုနိုင်ရန် အမေရိကန် ဒေါ်လာ ၁.၇ သန်း အသုံးပြုသွားမည်ဟု ဩစတြေးလျသံရုံး ထုတ်ပြန်

မြန်မာနိုင်ငံရှိ ရေဘေးကူညီတုံ့ပြန်ရေးလုပ်ငန်းတွင်အသုံးပြုနိုင်ရန် အမေရိကန် ဒေါ်လာ ၁.၇ သန်း အသုံးပြုသွားမည်ဟု ဩစတြေးလျသံရုံး ထုတ်ပြန်

Hsan Loi Editor
23/09/2024
Share:

 

သြစတြေးလျအနေဖြင့် မြန်မာနိုင်ငံ၏ ရေဘေးကူညီတုံ့ပြန်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ထပ်တိုးအကူအညီ အမေရိကန် ဒေါ်လာ ၁.၇ သန်းကို အတည်ပြုလိုက်ကြောင်း ယနေ့ စက်တင်ဘာလ (၂၃)ရက်မှာ ဩစတြေးလျသံရုံးက ထုတ်ပြန်ထားပါသည်။

အဆိုပါ အကူအညီများကို ရေဘေးသင့်ပြည်သူများ၏ စားနပ်ရိက္ခာ၊ ရေနှင့် ခိုနားရန်နေရာများ ပေးအပ်ပံ့ပိုးရန်တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် သက်‌ရောက်ခဲ့သည့် ဆိုးဝါးလှသော ရေကြီးမှုကို ကြုံတွေ့ခံစားခဲ့ရသော မြန်မာပြည်သူများနှင့် ထပ်တူဝမ်းနည်းပူဆွေးရကြောင်း ထုတ်ပြန်ထားပါသည်။

သြစတြေးလျအစိုးရအနေဖြင့် လက်ရှိပံ့ပိုးထားသောအကူအညီများကို ရေဘေးကူညီတုံ့ပြန်ရေးလုပ်ငန်းတွင် ပိုမိုဦးစားပေးအသုံးပြုရန်အတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူတကွ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။