နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လွိုင်ကော်မြို့သည် စစ်ဘေးဒဏ်ကြောင့် တိုက်တာအိုးအိမ်တွေ မီးလောင်ပြာကျခံခဲ့ရတဲ့အပြင် ဆိုးရွားစွာ ရေကြီးမှုပါခံစားနေရ

လွိုင်ကော်မြို့သည် စစ်ဘေးဒဏ်ကြောင့် တိုက်တာအိုးအိမ်တွေ မီးလောင်ပြာကျခံခဲ့ရတဲ့အပြင် ဆိုးရွားစွာ ရေကြီးမှုပါခံစားနေရ

Hsan Loi Editor
21/09/2024
Share:

 

ကရင်နီပြည်၊ လွိုင်ကော်မြို့သည် စစ်ဘေးဒဏ် ကြောင့် တိုက်တာအိုးအိမ်တွေ မီးလောင်ပြာကျခဲ့ရပြီး‌ နောက် ဆိုးရွားတဲ့ ရေကြီးမှုတွေပါ ထပ်ပြီးခံစားနေရကြောင်း သိရသည်။

ကရင်နီပြည်အတွင်း စီးဆင်းနေသည့် ဘီလူးချောင်း နှင့် ပွန်ချောင်းတို့ ရေကြီးမှုကြောင့် စက်တင်ဘာလ(၁၆) ရက်မှစပြီး လွိုင်ကော်မြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများမှာ ရေကြီးနှစ်မြုပ်ကြောင်း သိရသည်။

ထို့အပြင် မိုးဗြဲဆည်ရေများလွှတ်ချနေမှုကြောင့် လွိုင်ကော်မြို့လယ်ထိ ရေကြီးနှစ်မြုပ်ကာ ဘီလူးချောင်းတလျှောက်ရှိ ကျေးရွာများနှင့် လယ်ယာစိုက်ခင်းများစွာ ရေနစ်မြုပ်နေကြောင်း သိရပါသည်။

ရေကြီးနှစ်မြုပ်မှုကြောင့် ဒေသခံပြည်သူများက ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရပေမဲ့ စားနပ် ရိက္ခာအတွက် အခက်အခဲဖြစ်ကြောင်း သိရှိရပါသည်။