နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နော်ဝေနိုင်ငံသည် UNOPS ၏ ဘက်စုံရန်ပုံငွေယန္တရားအလှူရှင်များနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ ရေဘေးသင့်ရပ်ရွာများအတွက် အမေရိကန်ဒေါ်လာ (၅)သိန်း စတင်ထောက်ပံ့ကူညီ

နော်ဝေနိုင်ငံသည် UNOPS ၏ ဘက်စုံရန်ပုံငွေယန္တရားအလှူရှင်များနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ ရေဘေးသင့်ရပ်ရွာများအတွက် အမေရိကန်ဒေါ်လာ (၅)သိန်း စတင်ထောက်ပံ့ကူညီ

Hsan Loi Editor
20/09/2024
Share:

 

နော်ဝေနိုင်ငံသည် UNOPS ၏ ဘက်စုံရန်ပုံငွေယန္တရားအလှူရှင်များနှင့် ပူးပေါင်းကာ ရေဘေးသင့်ရပ်ရွာများ၌ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ (၅၀၀,၀၀၀) ကို ကနဦး အနေဖြင့် ထောက်ပံ့ကူညီခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထောက်ပံ့မှုတွင် အမိုးအကာ၊ အစားအစာ၊ ရေသန့်၊ အခြေခံဆေးဝါးများနှင့် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းများပါဝင်သည်ဟုဆိုသည်။

 

နော်ဝေကြက်ခြေနီအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့် အသုံးအဆောင်ပစ္စည်းများ၊ ကျန်းမာရေးအတွက် ငွေသားနှင့် အစားအသောက်ပါဆယ်ထုပ်များကို ဖြန့်ဝေပေးလျက်ရှိသည်။ နော်ဝေနိုင်ငံသည် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရေဘေးသင့်ပြည်သူများ၏ လိုအပ်ချက်များကို ဆန်းစစ်ပြီး အကူအညီများ အမြန်ဆုံးရောက်ရှိရေး လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။