သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် စနင်းတောင်ပေါ် မြေပြိုမှုများဖြစ်ပေါ်ကာ ဖြတ်သန်းသွားလာခွင့်ပိတ်ထား

မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် စနင်းတောင်ပေါ် မြေပြိုမှုများဖြစ်ပေါ်ကာ ဖြတ်သန်းသွားလာခွင့်ပိတ်ထား

Hsan Loi Editor
18/09/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့နယ် စနင်းတောင်တန်းတစ်လျောက် မြေပြိုမှုနှင့် ရေကြီးမှု ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်တွင် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားသည်ဟု သိရသည်။ တောင်ကြီး-ဟိုပုံး-မိုင်းပွန်-လွိုင်လင်လမ်းပိုင်း၌လည်း မြေပြိုပြီး လမ်းပိတ်မှု မကြာခဏဖြစ်ပေါ်သောကြောင့် ယခုကာလအတွင်း ခရီးသွားလာရန် မသင့်သေးကြောင်း ဒေသတွင်း ခရီးသည်တင်ယာဉ်မောင်းများက ဆိုသည်။ လွိုင်လင်နှင့်မိုင်းပွန်ကြား ကားလမ်းပိတ်ဆို့နေချိန် တောင်ကြီး-ဟိုပုံး-ကျောက်တန်းကတဆင့် စနင်းတောင်ကျောအတိုင်း ပင်လုံသို့ သွားလာနိုင်သော်လည်း ယခုအခါ စနင်းတောင်ကျောတစ်လျောက် မြေပြိုမှုနှင့် ရေကြီးမှုကြောင့် သွားလာခွင့် ပိတ်ထားသည်ဟုသိရသည်။

 

“ဒီအချိန်မှာ ခရီးသွားမယ်ဆိုရင်တော့ ဟိုပုံး-မိုင်းပွန်-လွိုင်လင် လမ်းဆိုရင် တောင်ပြိုပြီးတော့လမ်းခဏခဏ ပိတ်တတ်လို့ ညအိပ်ရတတ်တယ်။ စနင်းတောင်ကျောဘက်သွားမယ်ဆိုရင်လည်း နမ့်ပွန်ချောင်းတံတားကိုတောင် ရေကျော်နေပြီ။ ပြီးတော့ စနင်းတောင်ပေါ်မှာလည်း လမ်းတွေပြို မြေတွေပြိုပြီး သွားလာလို့ မကောင်းဘူး။ အဲ့လမ်းတွေမှာ စောင့်နေတဲ့ အဖွဲ့အစည်းတွေကတော့ ခရီးမဆက်ဖို့ တားမြစ်ထားတယ်။”ဟု တောင်ကြီး-ပင်လုံ ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။ စနင်းတောင်ပေါ်တွင် PNO နှင့် SSPP အဖွဲ့တို့၏ စစ်ဆေးရေးဂိတ်များရှိသည်။

 

ဒါ့အပြင် စနင်းတောင်ပေါ်ရှိ ကျေးရွာများ၌လည်း မြေပြိုမှုကြောင့် လူနေအိမ်များ ပျက်စီးသလို ထိခိုက်သေဆုံးမှုများလည်းရှိသည်ဟု သိရသည်။ သို့သော် စနင်းတောင်ကျောပေါ်ကို သွားရောက်ကူညီရန် ခက်ခဲနေပြီး ဆက်သွယ်ရေးပြတ်တောက်နေသည်ဟု သိရသည်။