နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နမ့်တိန်းချောင်းရေ မြင့်တက်လာမှုကြောင့် လင်းခေးမြို့ရှိ ပုန်းထွန်ရွာနှင့် ဟွေဟေးရွာကို ဆက်သွယ်ထားတဲ့ တံတားကျိုးကျမှုဖြစ်ပွား

နမ့်တိန်းချောင်းရေ မြင့်တက်လာမှုကြောင့် လင်းခေးမြို့ရှိ ပုန်းထွန်ရွာနှင့် ဟွေဟေးရွာကို ဆက်သွယ်ထားတဲ့ တံတားကျိုးကျမှုဖြစ်ပွား

Hsan Loi Editor
10/09/2024
Share:

 

မိုးသည်းထန်စွာရွာသွန်းပြီး နမ့်တိန်းချောင်းရေ မြင့်တက်လာမှုကြောင့် သျှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့ရှိ ပုန်းထွန်ရွာနှင့် ဟွေဟေးရွာကို ဆက်သွယ်ထားတဲ့ တံတားကျိုးကျသွားကြောင်း သိရသည်။

 

ယနေ့ စက်တင်ဘာလ(၁၀)ရက် ညနေပိုင်းအချိန်မှာ နမ့်တိန်းချောင်း‌ရေ ရုတ်တစ်ရက် မြင့်တက်လာမှုကြောင့် လင်းခေးမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာတွေထဲမှာ ရေကြီးရေလျှံဖြစ်ပေါ်ပြီး ပုန်းထွန်ရွာနှင့် ဟွေဟေးရွာကို ဆက်သွယ်ထားတဲ့ တံတားလည်းကျိုးကျသွားကြောင်းသိရသည်။

 

” တိန်းချောင်းရေ ရုတ်တရက် တက်လာတော့ ချောင်းနဲ့နီးတဲ့ နမ့်အွန်ကျေးရွာက သူတွေ ပစ္စည်းမသယ် ယူနိုင်ဘူး၊ အသက်ကြီးပိုင်းလူကိုလည်း ကယ်ထုတ်ဖို့ အရေးပေါ်အကူအညီလိုနေတယ်၊ အခုရေက တောက် လျှောက် တက်လာနေတယ်” လို့ ဒေသခံတစ်ဦးကပြောသည်။

 

ရေကြီးနှစ်မြုပ်မှုကြောင့် ပူးကမ်ရွာနှင့် နမ့်အွန်ကျေးရွာများမှ သက်ကြီးဘိုးဘွားများ၊ ကလေး သူငယ်များ ကျေးရွာအတွင်း ပိတ်မိနေကြောင်း လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြနေကြပါသည်။

 

ထို့အပြင် လင်းခေး-မိုင်းပန် သွားကားလမ်း‌ပေါ်မှာလည်း ရေလျှံကာ ရေစီးသန်တဲ့အတွက်ကြောင့် လတ်တလောကားကြီးကားငယ် ဖြတ်သန်းသွားလာလို့မရကြောင်းနှင့် လင်းခေး-မောက်မယ် လမ်းကြား မောက်မယ် တောင်ခြေမှာ တောင်ကျချောင်းရေများ စီးဆင်းလာမှုကြောင့် ဖြတ်သန်း၍မရကြောင်း သိရသည်။

 

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် လင်းခေး၊ မောက်မယ်၊ မိုင်းပန်၊ မိုင်းကိုင်၊ ကွန်ဟိန်း စတဲ့ဒေသတွေမှာ ရေကြီးရေလျှံဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

Exif_JPEG_420