သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မိုးသည်းထန်ပြီး နမ့်ယွမ်းချောင်းရေတက်လာမှုကြောင့် မောက်မယ်မြို့မှာ ရေကြီးရေလျှံထပ်မံဖြစ်ပွား

မိုးသည်းထန်ပြီး နမ့်ယွမ်းချောင်းရေတက်လာမှုကြောင့် မောက်မယ်မြို့မှာ ရေကြီးရေလျှံထပ်မံဖြစ်ပွား

Hsan Loi Editor
10/09/2024
Share:

 

ယမန်နေ့ ညပိုင်းကစပြီး မိုးသည်းထန်စွာရွာသွန်းပြီး သျှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့ရှိ နမ့်ယွမ်းချောင်း ရေတက်လာမှုကြောင့် ရေကြီးရေလျှံထပ်မံဖြစ်ပွားကြောင်း သိရသည်။

 

“ မနေ့ညက မိုးတအားသည်းတော့ ဒီမနက်ပဲ တောင်ကျချောင်းရေနဲ့ နမ့်ယွမ်းချောင်းရေ တက်ပြီး အနိမ့်ပိုင်းရပ်ကွက်တွေ ချောင်းနဲ့နီးတဲ့ ရပ်ကွက်တွေရေမြုပ်နေတယ်၊ အခုည‌နေပိုင်းချိန်ထိ ရေက တက်လာနေတုန်းပဲ၊ ဒီတစ်ကြိမ်နဲ့ဆို ရေတက်တာ ၇ ကြိမ် လောက်ရှိပြီ” လို့ မြို့ခံက ပြောသည်။

 

ပြီးခဲ့သည့် ဩဂုတ်လ(၂၃)ရက်ကလည်း နမ့်ယွမ်းချောင်းရေ စံချိန်တင် မြင့်တက်ကာ ချောင်းအနီးနားရှိ ရှောက်ချိုသီးခြံ၊ သံပုရာခြံနှင့် ပြောင်းစိုက်ခင်းများ များစွာ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။

 

တိုင်ဖုန်းမုန်တိုင်း(YAGI)အရှိန်ကြောင့် သျှမ်းပြည်နယ် အရှေ့ပိုင်းနှင့်‌ တောင်ပိုင်းတွေမှာ မိုးအလွန်များနိုင်ပြီး တောင်ကျချောင်းရေ ရုတ်တရက် ရေကြီးတာ၊ တောင်ပြိုတာ ၊ မြေပြိုတာ စတဲ့ဖြစ်စဉ်တွေ ဖြစ်လာနိုင်ပြီး အထူးသတိထားကြရန် မိုးလေဝသနဲ့ဇလဗေဒပညာရှင်က ထုတ်ပြန်ထားပါသည်။