နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

YAGI မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး သျှမ်းပြည်နယ်အတွင်းရှိ မြို့ရွာအချို့များမှာ ရေကြီးရေလျှံမှုဖြစ်ပေါ်

YAGI မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး သျှမ်းပြည်နယ်အတွင်းရှိ မြို့ရွာအချို့များမှာ ရေကြီးရေလျှံမှုဖြစ်ပေါ်

Hsan Loi Editor
10/09/2024
Share:

 

YAGI မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ယနေ့စက်တင်ဘာလ(၁၀)ရက် မနက်အစောပိုင်းကစပြီး သျှမ်းပြည်နယ်အတွင်းရှိ မြို့ရွာအချို့များမှာ ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

သျှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် မြို့ဖြစ်တဲ့ တာချီလိတ်မြို့မှာ စက်တင်ဘာလ (၁၀) ရက်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေမှာ စိုးရိမ်ရေမှတ် အထက် ကျော်လွန်ကာ တာချီလိတ်မြို့နယ်တွင်း ရပ်ကွက်တွေရှိ လမ်းနှင့် အိမ်များမှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်လျက်ရှိပါသည်။

 

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လွယ်တော်ခမ်းရှိ တောင်ကုန်းတစ်ခုမှာလည်း မြေပြိုကျမှု ဖြစ်ပေါ်လျက်ရှိကြောင်းသိရပြီး ရေဘေးသင့်ပြည်သူများကို ကယ်ဆယ် နိုင်ရေးအတွက် လူမှုကူညီ‌ရေး အသင်း အဖွဲ့များက ဆောင်ရွက်နေကြောင်းနှင့် အရေးပေါ်ကူညီကယ်ဆယ်နိုင်ရန် အောင်မြတ်ခန်းမနှင့် အားကစားရုံတို့တွင် ကူညီရေးစခန်းများဖွင့်လှစ်ထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်မှ သိရသည်။

 

အလားတူ သျှမ်းပြည်နယ်တောင်ပိုင်းရှိ မောက်မယ်မြို့နယ်နှင့် မိုင်းကိုင်မြို့နယ်မှာလည်း မိုးရွာသွန်းမှုကြောင့် နမ့်ယွမ်းချောင်းရေနှင့် နမ့်တိန်းချောင်းရေ မြင့်တက်လာကာ ရပ်ကွက်၊ကျေးရွာအတွင်းသို့ ရေကြီးရေလျှံဖြစ်ပေါ်ကြောင်း သိရသည်။

 

သျှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာလည်း ယနေ့နံနက်ပိုင်းမှစတင်ပြီး ကျိုင်းတုံ-တာချီလိတ်လမ်း၊ ကျိုင်းတုံမြို့တော်ခန်းမအရှေ့လမ်းနှင့် လွယ်မွေသွားလမ်းဘက်မှာ ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး မြို့တွင်းရေဝင်ရောက်မှုနှင့်အတူ ကျိုင်းတုံ အထက(၅) အုတ်တံတိုင်းလည်း ပြိုကျပျက်စီးမှုဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်၊ လွိုင်မွေ၊ ကျိုင်းတုံ၊ တုံတာ၊ မိုင်းပြင်း နှင့် သျှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်း၊ ခိုလမ်၊ မိုင်းနောင်၊ မိုင်းစံနှင့်မိုင်းရှူး ဒေသတွေမှာ မိုးများစွာ ရွာသွန်းခြင်း၊ တောင်ပြိုခြင်း၊ မြစ်ချောင်းရေများအရှိန်အဟုန်ဖြင့်စီးဆင်းလာနိုင်ခြင်းနှင့် မိုးကြီးရေလျှံခြင်း စသည့် အန္တရာယ်များစွာဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒပညာရှင်က ယမန်နေ့က ထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါသည်။