နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုးနဲမြို့မှ ရေလွှမ်းမိုးသွားတဲ့စိုက်ခင်းများအတွက် ပြန်လည်ကုစားစိုက်ပျိုးနိုင်ရန် RCSS/SSA မှ ပဲပုပ် မျိုးစေ့ ပိဿာ(၃၀၀၀)အား တောင်သူများထံ အခမဲ့သွားရောက်ကူညီထောက်ပံ့

မိုးနဲမြို့မှ ရေလွှမ်းမိုးသွားတဲ့စိုက်ခင်းများအတွက် ပြန်လည်ကုစားစိုက်ပျိုးနိုင်ရန် RCSS/SSA မှ ပဲပုပ် မျိုးစေ့ ပိဿာ(၃၀၀၀)အား တောင်သူများထံ အခမဲ့သွားရောက်ကူညီထောက်ပံ့

Hsan Loi Editor
09/09/2024
Share:

 

မိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးသွားတဲ့ သျှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့မှ စပါးစိုက်ခင်း များကို ပြန်လည်ကုစား စိုက်ပျိုးနိုင်ရန် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည် တပ်မတော် (RCSS/SSA) မှ ရေဘေးသင့် တောင်သူလယ်သမားများအတွက် ပဲပုပ်မျိုးစေ့ ပိဿာ (၃၀၀၀)အား အခမဲ့ သွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မိုးနဲ့မြို့မှ တောင်သူလယ်သမားများထံ မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ စက်တင်ဘာလ(၈)ရက်နေ့က ကန်တုံကျေးရွာ မိုးနဲမြို့နယ်မှာ ကျင်းပသွားကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ(၁၄)ရက်မှ စက်တင်ဘာလ (၂၈)ရက်နေ့အထိ မိုးသည်းထန်ရွာသွန်းမှု ကြောင့် မိုးနဲမြို့မှ လယ်ယာစိုက်ခင်းများ ရေကြီးနှစ်မြုပ်ပြီး တောင်သူလယ်သမားများ၏ စိုက်ခင်းများ ဆုံးရှုံးမှုများကြောင်း သိရသည်။

သျှမ်းပြန်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်အနေဖြင့် ပြီးခဲ့သည့် သြဂုတ် လ(၂၉)ရက်နေ့က ကျိုင်းတောင်းမြို့မှ ရေဘေးသင့်ပြည်သူများကို သွားရောက်ထောက်ပံ့ပေး သလို သြဂုတ်လ(၃၀)ရက်နေ့ကလည်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ် အတွင်းရှိ ရေကြီးနှစ်မြုပ်တဲ့ ကျေးရွာနေပြည်သူများကို စားနပ်ရိက္ခာ သွားရောက်ထောက်ပံ့ပေးကြောင်း သိရသည်။