နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လားရှိုးမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အဆောက်အအုံနှင့်ကားများ ပျက်စီးပြီး လူထိခိုက်မှုမရှိ၊ စစ်ကောင်စီ ဆုံးရှုံးထားသော နယ်မြေများ ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်မည့် “ ရန်နိုင်မင်း စစ်ဆင်ရေး”  စတင်နေပြီဖြစ်

လားရှိုးမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အဆောက်အအုံနှင့်ကားများ ပျက်စီးပြီး လူထိခိုက်မှုမရှိ၊ စစ်ကောင်စီ ဆုံးရှုံးထားသော နယ်မြေများ ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်မည့် “ ရန်နိုင်မင်း စစ်ဆင်ရေး” စတင်နေပြီဖြစ်

Hsan Loi Editor
08/09/2024
Share:

 

MNDAA သိမ်းပိုက်ထားသော သျှမ်းမြောက်လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ စက်တင်ဘာလ (၈)ရက် နံနက်အစောပိုင်းအချိန်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အဆောက်အအုံနှင့်ကားများ ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း လားရှိုးအခြေစိုက် Freedom Youth Volunteers-FYV လူမှုကွန်ယက်စာမျက်နာမှ ဖော်ပြထားပါသည်။

 

ယနေ့ နံနက်(၄း၀၇)မိနစ်အချိန် လားရှိုးမြို့နယ်၊ ရပ်ကွက်(၁၂) ပြည်ထောင်စုအားကစားကွင်းထဲသို့ စစ်ကောင်စီ၏ တိုက်လေယာဉ်များက လာရောက် ဗုံးကျဲချမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ရပ်နားထားသော ကားများနှင့် အဆောက်အအုံများ ထိခိုက်မှုရှိကြောင်း သိရှိရသည်။

 

စစ်ကောင်စီ ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်မည့် “ ရန်နိုင်မင်း စစ်ဆင် ရေး” စတင်နေပြီဖြစ်ကာ ပြီးခဲ့သည့် စက်တင်ဘာလ (၆)ရက်နေ့က ကရင်နီပြည်ရှိ စစ်ရှောင်စခန်း နှင့် နမ့်ခမ်းမြို့တို့တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၂၀ ဦးသေဆုံးခဲ့ကြောင်း သိရှိရပါသည်။