MNDAA သိမ်းပိုက်ထားသော သျှမ်းမြောက်လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ စက်တင်ဘာလ (၈)ရက် နံနက်အစောပိုင်းအချိန်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အဆောက်အအုံနှင့်ကားများ ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း လားရှိုးအခြေစိုက် Freedom Youth Volunteers-FYV လူမှုကွန်ယက်စာမျက်နာမှ ဖော်ပြထားပါသည်။
ယနေ့ နံနက်(၄း၀၇)မိနစ်အချိန် လားရှိုးမြို့နယ်၊ ရပ်ကွက်(၁၂) ပြည်ထောင်စုအားကစားကွင်းထဲသို့ စစ်ကောင်စီ၏ တိုက်လေယာဉ်များက လာရောက် ဗုံးကျဲချမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ရပ်နားထားသော ကားများနှင့် အဆောက်အအုံများ ထိခိုက်မှုရှိကြောင်း သိရှိရသည်။

စစ်ကောင်စီ ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်မည့် “ ရန်နိုင်မင်း စစ်ဆင် ရေး” စတင်နေပြီဖြစ်ကာ ပြီးခဲ့သည့် စက်တင်ဘာလ (၆)ရက်နေ့က ကရင်နီပြည်ရှိ စစ်ရှောင်စခန်း နှင့် နမ့်ခမ်းမြို့တို့တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၂၀ ဦးသေဆုံးခဲ့ကြောင်း သိရှိရပါသည်။