ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

နိုင်ငံရေးမတည်ငြိမ်မှု၊ ပြည်တွင်းစစ်ဒဏ်အပြင် သဘာဝတရားကြီး၏ ရိုက်ခတ်မှုဒဏ်ကိုပါ ပြည်သူများ ခံစားနေရ

နိုင်ငံရေးမတည်ငြိမ်မှု၊ ပြည်တွင်းစစ်ဒဏ်အပြင် သဘာဝတရားကြီး၏ ရိုက်ခတ်မှုဒဏ်ကိုပါ ပြည်သူများ ခံစားနေရ

Hsan Loi Editor
04/09/2024
Share:

 

စစ်ကောင်စီ၏ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသားများအားလုံး နိုင်ငံရေးပဋိပက္ခဒဏ်ကို ယနေ့အထိ ခံစားနေရပြီး ပြည်သူများအနေဖြင့် စားဝတ်နေရေးအတွက်ပင် နေ့စဉ်စိုးရိမ်သောကရောက်နေကြရသည်။ ထိုအထဲတွင် သျှမ်းပြည်နယ်အတွင်း နေထိုင်သော ပြည်သူများက ပိုမိုဆိုးရွားစွာ ခံစားနေရသည်ဟု ယူဆလို့ရသည့် အခြေအနေသို့ ရောက်ရှိနေသည်။ သျှမ်းပြည်နယ်မြောက်ပိုင်းအတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ စစ်ဆင်ရေး ၁၀၂၇ ကြောင့် မြောက်ပိုင်းတစ်ခုလုံး စစ်မီးတောက်ခဲ့ရသလို ယနေ့အထိ တည်ငြိမ်သော အရွေ့တစ်ခုအနေအထားမျိုး မမြင်ရသေးပါ။

 

ဒါ့အပြင် သျှမ်းပြည်နယ်သည် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းပင် မတည့်ကြဘဲ မကြာခဏဆိုသလို အချင်းချင်း တိုက်ပွဲဖြစ်ပွားလေ့ရှိသော ပြည်နယ်တစ်ခုလည်းဖြစ်သည်။ ယခုအခါ သျှမ်းပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒေသခံများ၏ လမ်းပန်းဆက်သွယ်ရေးအတွက်ပင် ခက်ခဲလျက်ရှိသည်။

 

သျှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်စိမ်းရွာ၌လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသခံတောင်သူများ၏ ပြောင်းဖူးခင်းများ ပျက်စီးဆုံးရှုံးမှုနှင့် ရင်ဆိုင်ရလျက်ရှိသည်။ ရေကြီးရေလျှံမှုကြောင့် ဝမ်စိမ်းကျေးရွာတွင် ပြောင်းစိုက်ခင်း (၁၀)ဧကကျော် ပျက်စီးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ ဒါ့အပြင် ဝမ်စိမ်းကျေးရွာအနီးတွင် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ပဋိပက္ခဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။