နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

7 EAO နဲ့ NSPNC တို့ နေပြည်တော်မှာ နှစ်ရက်သာ အလွတ်သဘောတွေ့ဆုံဆွေးနွေး

7 EAO နဲ့ NSPNC တို့ နေပြည်တော်မှာ နှစ်ရက်သာ အလွတ်သဘောတွေ့ဆုံဆွေးနွေး

Hsan Loi Editor
10/06/2026
Share:
NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ (7 EAO Alliance)နဲ့ အာဏာသိမ်း အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) တို့ ဇွန်လ ၉ ရက်နဲ့ ၁၀ ရက် (၂)ရက်သာအတွင်း နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။
May be an image of studying, table and text
7 EAO Alliance ဘက်က ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်တဲ့ အဖွဲ့ဝင်(၈) ဦးပါဝင်ပြီး NSPNC ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တယ်လို့ သိရပါတယ်။
May be an image of lighting, table, dais and text
အလွတ်သဘော တွေ့ဆုံပွဲမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)မှ ဗိုလ်မှူးကြီး စိုင်းငင်း က အစိုးရသစ်ဖွဲ့စည်းပြီးတဲ့နောက် NSPNC က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့၊ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက် မထားတဲ့ ဆွေးနွေးပွဲများ ကျင်းပ
ပြုလုပ်နိုင်ဖို့အတွက် တရားဝင်ဖိတ်ခေါ်ခြင်းကို 7 EA အနေနဲ့ ကြိုဆိုကြောင်း ပြောပါတယ်။
ဒါ့အပြင် မိမိတို့ 7 EA အနေနဲ့လည်း သက်ဆိုင်ရာ တစ်ဖွဲ့ချင်းအတွင်းမှာ ဆွေးနွေးခဲ့သလို 7 EA ရဲ့ ဦးဆောင်အဖွဲ့မှာလည်း အကျေအလည် ဆွေးနွေးခဲ့ပြီး အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ဆွေးနွေးဖို့ သဘောထား ချမှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ကို လက်ရှိ အခြေအနေများနဲ့အညီ ပြန်လည်ဖော်ဆောင်နိုင် ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်မှာ ပါဝင်သင့်တဲ့ အဖွဲ့အစည်းများ ပါဝင်လာနိုင်စေရေး၊ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးတို့ ရည်မှန်းထားတယ်လို့ ဗိုလ်ချုပ်ကြီး စိုင်းငင်း က ပြောပါတယ်။
May be an image of dais and text
နှစ်ရက်သာအတွင်း ကျင်းပပြုလုပ်တဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးပွဲရဲ့ ရလဒ်ကောင်းတွေဖြစ်တဲ့ သဘောထားစုစည်းချက်များ၊ မှတ်တမ်းများ ရရှိအောင် နှစ်ဖက်ခေါင်းဆောင် ကိုယ်စားလှယ်များကို ကျေးဇူးတင်ပြီး ဒီအခင်းအကျင်းကို နှစ်ဦးနှစ်ဖက်က ပူးတွဲကျင်းပတဲ့ ဆွေးနွေးပွဲ ဖြစ်တယ်ဆိုတာ ပုံဖော်ပြသနိုင်ခဲ့သလို ဆွေးနွေးပွဲရဲ့ ပုံရိပ်ကောင်းတွေလည်း ဖော်ပြနိုင်ခဲ့တယ်လို့ 7 EAO Alliance က ယနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ရရှိလာတဲ့ ဆွေးနွေးပွဲ ရလဒ်တွေကို 7 EAO Alliance ရဲ့ ဦးဆောင်အဖွဲ့အစည်းအဝေးမှာ အစီရင်ခံတင်ပြသွား မှာဖြစ်ပြီး အစည်းအဝေးရဲ့ လမ်းညွန်ချက်တွေ၊ ဆုံးဖြတ်ချက်တွေနဲ့အညီ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဥ်တွေကို လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
7 EAO Alliance ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဖော်ဆောင်ရေး ရည်မှန်းချက် (၃)နဲ့အညီ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးနဲ့ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
7 EAO Alliance အဖွဲ့မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ ပါဝင်ပါတယ်။
Photo – 7 EAO Alliance