ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် SSLRU မှ သစ်ပင် (၂၀၀) ကျော်စိုက်ပျိုးခဲ့

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် SSLRU မှ သစ်ပင် (၂၀၀) ကျော်စိုက်ပျိုးခဲ့

Hsan Loi Editor
20/06/2023
Share:

 

ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်မြောက် မွေးနေ့အထိမ်း အမှတ်အဖြစ်ဇွန်လ ၁၉ ရက်နေ့က သျှမ်းတောင် ဒေသခံတော် လှန်ရေး တပ်ပေါင်းစု SSLRU မှ သစ်ပင် ၊ ပန်းပင်ပေါင်း (၂၀၀) ကျော်စိုက်ပျိုးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်စေလိုသောရည် ရွယ်ချက်ဖြင့် သစ်ပင်ပန်းပင်ပေါင်း (၂၀၀) ကျော်အား တပ်စခန်းအနီးတစ်ဝိုင်တွင်ရှိသော တောတောင်တစ်နေရာတွင် SSLRU ရဲဘော်များမှသွားရောက်စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။

 

အမေစုမွေးနေ့အတွက် အမေစုသက်ရှည်ကျန်းမာပါစေ၊အမြန်ဆုံးပြန်လွတ်လာပါစေအရေးတော်ပုံကြီး အမြန်ဆုံးအောင်မြင်ပါစေ။ ပြည်သူတွေလိုလားတောင့်တနေကြသော ဖက်ဒရယ်ဒီမိုကရေစီ အမြန်ဆုံးရပါစေ ဟူ၍ SSLRU ရဲဘော်များမှ ဆုတောင်းမေတ္တာပို့ထားပြီး

 

“ ဆုတောင်းပေးတဲ့ ပါးစပ်တွေထက် ပါဝင်ပေးတဲ့ လက်တွေက ပိုအလုပ်ဖြစ်တယ်ဆိုတာ သိရှိထားသည့်အတွက်ကြောင့် အပြောနဲ့မဟုတ် အလုပ်နဲ့သက်သေပြကာ အ ရေးတော်ပုံကြီး အမြန်ဆုံးအောင်မြင်ဖို့အတွက် အစွမ်း ကုန်ကြိုးစားသွားမည်ဟု SSLRU ရဲဘော်များမှ ကတိသစ္စာပြုကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။