ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

၁၉၆၁ ဖက်ဒရယ်မူ (ခေါ်) သျှမ်းမူ

၁၉၆၁ ဖက်ဒရယ်မူ (ခေါ်) သျှမ်းမူ

Hsan Loi Editor
27/11/2022
Share:

၁၉၆၁ ဖက်ဒရယ်မူ (ခေါ်) သျှမ်းမူ

၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အသံလွင့်ရုံခန်းမတွင် ကျင်းပသော ပြည်နယ်များညီညွတ်ရေးအဖွဲ့မှ တင်သွင်းသည့် ဖက်ဒရယ်စစ်စစ်မူ () သျှမ်းမူ (Fundamental Principles)

() ဗမာ ပြည်နယ်ဖွဲ့စည်းရေး

() လွှတ်တော်နှစ်ရပ် အာဏာတူပေးရေး

() အထက်လွှတ်တော်သို့ တူညီသော ကိုယ်စားလှယ်ဦးရေ စေလွှတ်ရေး

() ဗဟိုကို အာဏာကန့်သတ်ပေးပြီး ပြည်နယ်များက ကျန်အာဏာများကို ရယူရေး

() ပြည်ထောင်စုဘဏ္ဍာတော် သာတူညီမျှ ခွဲဝေပေးရေး 

ပြည်ထောင်စု၌ထားရှိသင့်သော အာဏာများ

၁။ နိုင်ငံခြားဆက်သွယ်ရေး

၂။ ပြည်ထောင်စုကာကွယ်ရေး

၃။ ပြည်ထောင်စုဘဏ္ဍာရေး

၄။ ငွေဒင်္ဂါးနှင့် ငွေစက္ကူထုတ်လုပ်ရေး

၅။ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး

၆။ မီးရထား၊ လေကြောင်း၊ ရေကြောင်း ဆက်သွယ်ရေး

၇။ပြည်ထောင်စုတရားရေး

၈။ပင်လယ်ဆိပ်ကမ်းခွန်ကောက်ရေး

ကျွန်တော်တို့မှာသျှမ်းပြည်နယ်၊ကချင်ပြည်နယ်၊ကယားပြည်နယ်ဆိုပြီးပြည်နယ်တွေဖွဲ့စည်းလိုက်ပေမဲ့ပြည်မကျတော့ပြည်နယ်တစ်နယ်အနေနဲ့မဖွဲ့စည်းဘဲဗဟိုအစိုးရနဲ့တပေါင်းတစည်းတည်းထားလိုက်ပါတယ်။

အမှန်ကတော့ ပြည်ထောင်စုသဘောတရားအရဆိုရင် အဲဒီတုန်းက ကျွန်တော်တို့မှာ ဗမာပြည်နယ်၊ သျှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်ဆိုပြီး ပြည်နယ် () ပြည်နယ်စုပေါင်းပြီးမှပြည်ထောင်စုဖွဲ့စည်းရမှာဖြစ်ပါတယ်။

ဒီပြည်နယ်တွေဟာအသီးသီးကိုယ့်အချုပ်အချာအဏာနဲ့နယ်မြေရှိကြတယ်။အားလုံးရဲ့အပေါ်မှာမှဗဟိုအစိုးရဖြစ်တဲ့ပြည်ထောင်စုအာဏာတည်ရှိရမယ်။

1. Establishment of a Burmese State;

2. Assignment of equal powers to both Chambers of the Union Parliament;

3. Each State to be represented by an equal number of representatives in the Chamber of Nationalities;

4. The following Departments shall be vested in the Central Union, while all other powers, rights and entitlements shall be transferred to the States.

(a) Foreign Affairs;

(b) Union Defence;

(c) Union Finance;

(d) Coinage and Currency;

(e) Posts and Telegraphs;

(f) Railways, Airways and Waterways;

(g) Union Judiciary;

(h) Sea Customs. Duty.

5. Union revenue to be distributed equitably.

ဖက်ဒရယ်မူစစ်စစ်/သျှမ်းမူကို ရေးသားတင်ပြသူ ဦးထွန်းမြင့် (တောင်ကြီး) သည် ကနဦး တောင်ကြီး ပြည်နယ်ပေါင်းစုံညီလာခံ၌တင်ပြခဲ့ပြီး ထိုကာလ သျှမ်းလူထုကိုယ်စားလှယ်များ၏ ကျောင်းသား ပညာတတ်တစ်ဦးဖြစ်သည်။ ဖက်ဒရယ်မူ စစ်စစ်တင်ပြသောကြောင့် စစ်တပ်က ဖမ်းပြီး ထောင် () နှစ်ချခဲ့သည်။ ၁၉၉၇ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် တောင်ကြီးမြို့၌ ကွယ်လွန်ခဲ့သည်။

#HsanLoiVoice