ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

1027 မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ သျှမ်းမြောက် စစ်ဆင်ရေး ကျောက်မဲမြို့နယ်၌ ပြည်သူ ၁ ထောင်ကျော် စစ်ဘေးရှောင်နေကြရဆဲ 

1027 မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ သျှမ်းမြောက် စစ်ဆင်ရေး ကျောက်မဲမြို့နယ်၌ ပြည်သူ ၁ ထောင်ကျော် စစ်ဘေးရှောင်နေကြရဆဲ 

Hsan Loi Editor
03/12/2023
Share:

 

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်တွင် သျှမ်းစစ်ဘေးရှောင် ဦးရေ ၁၃၀၀ ခန့်ရှိကြောင်း သတင်းရရှိထားပါသည်။

 

“ ဦးဇင်းတို့ကျောင်းမှာ ကနေ့ အယောက်ပေါင်း ၁၀၀ ကျော် ရှိပါတယ် ထပ်မတိုးလာဘူး လျော့လည်းမလျော့သွားဘူး၊ ညဆိုရင်တော့ အကုန်ပြန်ရောက်လာကြတယ် မနက်ပိုင်းပြန်သွားကြတာတွေတော့ရှိတယ် ညလာအိပ်ကြတာပါ” ဟုကျောင်းထိုင် ဆရာတော်တပါးက မိန့်ပါသည်။

 

နောင်ပိန်ကျေးရွာအုပ်စု လုပ်ပါကျောင်း၊ ဖီတစ်ကျောင်း၊ ဓါတ်တော်ကျောင်းတို့တွင် အားလုံးပေါင်း စစ်ဘေးရှောင် ၃၈၇ ဦး၊ နောင်ပိန် သျှမ်းစာပေယဉ်ကျေးမှုခန်းမ၌ ၁၁၀ ဦးရေ ရှိပါသည်။

 

ဝမ်ကောင်း၊ နမ့်စော့၊ မန်ပန်၊ ခိုင်းလုံ၊ ပန်တိန်နှင့် ပန်မလုပ်ရွာတို့တွင် စစ်ဘေးရှောင်ရသူ ၁၁၂ ဦးရှိသည်။

 

ဓမ္မာရုံကျောင်းတွင် ၂၀၀ ဦး၊ မန်ခါမန်ကျောင်း ဘုန်းကြီးကျောင်းတွင် ၃၅၀ ဦးနှင့် နမ့်စလင်းကျောင်းတွင် ၁၄၀ ဦးရှိကြောင်း သိရသည်။

 

“ ဂုတ်တွင်းတစ်ဝိုက်မှာတော့ နေ့တိုင်းဗုံးသံတွေကြားနေရတုန်းပါပဲ။ မနေ့ကဆိုရင်လည်း တစ်ညလုံးတိုက်လေယာဉ်လာဝဲနေတာတစ်ညလုံးပါပဲ။ တိုက်လေယာဉ်သံကြားရင် လူကြီးတွေက ကြောက်နေကြပြီ ထွက်ပြေးချင်နေကြပြီ။ ဗုံးထိထားတဲ့အိမ်တွေကတော့ နောင်ပစ်နဲ့လုံကြိမ်ရွာဘက်တွေမှာ ပိုများတယ်။ တစ်လကျော်လာပြီဖြစ်လို့ တချို့စစ်ရှောင်တွေကသာ အရဲစွန့်ပြီး အိမ်ပြန်လာပေမယ့် သက်ကြီးရွယ်အိုတွေက အကြောက်တရားတွေ ရှင်သန်နေရတုန်းပဲ။” ဟု နောင်ပိန်တိုက်နယ်တွင်ရောက်ရှိနေသည့် စစ်ဘေးရှောင်တစ်ဦးကပြောပြသည်။

 

ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စုရှိ သျှမ်းစာပေယဉ်ကျေးမှုခန်းမ၊ လုပ်ပါကျောင်းတိုက်၊ ဖီတစ်ကျောင်းတိုက်နှင့် ဝမ်ကောင်း၊ နမ့်စော့၊ မန်ပန်၊ ခိုင်းလုံ၊ ပန်တိန်၊ ပန်မလုပ်ရွာ၊ မန်ခါမန်ကျောင်းဘုန်းကြီးကျောင်း၊ ကျောက်မဲမြို့နယ် သျှမ်းစာပေယဉ်ကျေးမှုခန်းမ၊ ဓမ္မရုံကျောင်းနှင့် နမ့်စလင်းကျောင်းတိုက်သို့ တိမ်းရှောင်လာကြသည်။

 

ကျောက်မဲမြို့နယ် စစ်ရေးပဋိပက္ခဖြစ်ပွားရာ ကျေးရွာဒေသများမှ သျှမ်းစစ်ဘေးရှောင်အများစုဖြစ်ပြီး စုစုပေါင်း ၁၂၉၉ ဦးရှိသည်ဟု သိရသည်။