နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စိန်ကျော့ပြည်သူ့စစ် အင်အားအများအပြား မိခင်အဖွဲ့အစည်းဖြစ်တဲ့ SSPP/SSA ထံ လက်နက် အပြည့်အစုံဖြင့် ပြန်လည်ပူးပေါင်းလာ

စိန်ကျော့ပြည်သူ့စစ် အင်အားအများအပြား မိခင်အဖွဲ့အစည်းဖြစ်တဲ့ SSPP/SSA ထံ လက်နက် အပြည့်အစုံဖြင့် ပြန်လည်ပူးပေါင်းလာ

Hsan Loi Editor
05/09/2024
Share:

 

ယနေ့ စက်တင်ဘာလ(၅)ရက် နံနက်(၈)နာရီအချိန်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော် (SSPP/SSA) ဌာနချုပ်ရှိရာ ဝမ်ဟိုင်းဒေသမှာ စိန်ကျော့ပြည်သူ့စစ် ဥက္ကဌ စဝ်လွယ်မောဝ် ဦးဆောင်တဲ့ စိန်ကျော့ဌာနေပြည်သူ့စစ်မှ တပ်သား အများအပြား လက်နက်အပြည့်အစုံဖြင့် SSPP/SSA ထံ လာရောက်ပူးပေါင်းခဲ့ကြောင်း SSPP က ထုတ်ပြန်ထားပါသည်။

 

စဝ်လွယ်မော ဦးဆောင်တဲ့ စိန်ကျော့ပြည်သူ့စစ်အဖွဲ့ကို SSPP/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ပန်ဖ ကိုယ်တိုင် အခမ်းအနားဖြင့် ကြိုဆိုသလို မိခင်အဖွဲ့အစည်းသို့ ပြန်လည်တာဝန်ထမ်းဆောင်တဲ့ စိန်ကျော့ ပြည်သူ့စစ်အဖွဲ့ထံ SSPP/SSA တပ်မတော်မှလည်း သိန်း(၅ဝဝ) ဆုချီးမြင့်ကြောင်း သိရသည်။

 

တပ်မဟာ(၃) စိန်ကျော့ဌာနပြည်သူ့စစ်၊ တပ်မဟာ(၇) ကာလိပြည်သူ့စစ်နှင့် SSPP/SSA တပ်မတော်တို့သည် သျှမ်းပြည်တပ်မတော်(SSA)အဖြစ် ယခင်တစ်ဖွဲ့တည်း ပူးပေါင်းလှုပ်ရှားရာကနေ နအဖ အစိုးရ၏ ဖိအားပေးမှုကြောင့် ၂၀၁၀ခုနှစ် ဧပြီလ (၁၄)က SSA တပ်မဟာ(၃) ဟာ စိန်ကျော့ ပြည်သူ့စစ်အဖြစ် ပြောင်းလဲပြီး SSA တပ်မဟာ(၇) က ကာလိပြည်သူ့စစ်နှင့် SSA တပ်မဟာ(၁) မှာမူ သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် (SSPP/SSA)အဖြစ် အသွင်ကူးပြောင်းကာ (၁၄)နှစ် အကြာမှာ တစ်ဖွဲ့တည်း ပြန်လည်ပေါင်းစည်းနိုင်ခဲ့ကြောင်း သိရသည်။

 

SSPP ထံသို့ လာရောက်ပူးပေါင်းခဲ့သည့် စိန်ကျော့နဲ့ မိုင်းခေး တပ်မဟာ (၃) မှာ အင်အား (၂၀၀) ကျော်ခန့်ရှိကြောင်း သိရှိရပါသည်။