ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စိန်ကျော့ပြည်သူ့စစ် အင်အားအများအပြား မိခင်အဖွဲ့အစည်းဖြစ်တဲ့ SSPP/SSA ထံ လက်နက် အပြည့်အစုံဖြင့် ပြန်လည်ပူးပေါင်းလာ

စိန်ကျော့ပြည်သူ့စစ် အင်အားအများအပြား မိခင်အဖွဲ့အစည်းဖြစ်တဲ့ SSPP/SSA ထံ လက်နက် အပြည့်အစုံဖြင့် ပြန်လည်ပူးပေါင်းလာ

Hsan Loi Editor
05/09/2024
Share:

 

ယနေ့ စက်တင်ဘာလ(၅)ရက် နံနက်(၈)နာရီအချိန်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော် (SSPP/SSA) ဌာနချုပ်ရှိရာ ဝမ်ဟိုင်းဒေသမှာ စိန်ကျော့ပြည်သူ့စစ် ဥက္ကဌ စဝ်လွယ်မောဝ် ဦးဆောင်တဲ့ စိန်ကျော့ဌာနေပြည်သူ့စစ်မှ တပ်သား အများအပြား လက်နက်အပြည့်အစုံဖြင့် SSPP/SSA ထံ လာရောက်ပူးပေါင်းခဲ့ကြောင်း SSPP က ထုတ်ပြန်ထားပါသည်။

 

စဝ်လွယ်မော ဦးဆောင်တဲ့ စိန်ကျော့ပြည်သူ့စစ်အဖွဲ့ကို SSPP/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ပန်ဖ ကိုယ်တိုင် အခမ်းအနားဖြင့် ကြိုဆိုသလို မိခင်အဖွဲ့အစည်းသို့ ပြန်လည်တာဝန်ထမ်းဆောင်တဲ့ စိန်ကျော့ ပြည်သူ့စစ်အဖွဲ့ထံ SSPP/SSA တပ်မတော်မှလည်း သိန်း(၅ဝဝ) ဆုချီးမြင့်ကြောင်း သိရသည်။

 

တပ်မဟာ(၃) စိန်ကျော့ဌာနပြည်သူ့စစ်၊ တပ်မဟာ(၇) ကာလိပြည်သူ့စစ်နှင့် SSPP/SSA တပ်မတော်တို့သည် သျှမ်းပြည်တပ်မတော်(SSA)အဖြစ် ယခင်တစ်ဖွဲ့တည်း ပူးပေါင်းလှုပ်ရှားရာကနေ နအဖ အစိုးရ၏ ဖိအားပေးမှုကြောင့် ၂၀၁၀ခုနှစ် ဧပြီလ (၁၄)က SSA တပ်မဟာ(၃) ဟာ စိန်ကျော့ ပြည်သူ့စစ်အဖြစ် ပြောင်းလဲပြီး SSA တပ်မဟာ(၇) က ကာလိပြည်သူ့စစ်နှင့် SSA တပ်မဟာ(၁) မှာမူ သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် (SSPP/SSA)အဖြစ် အသွင်ကူးပြောင်းကာ (၁၄)နှစ် အကြာမှာ တစ်ဖွဲ့တည်း ပြန်လည်ပေါင်းစည်းနိုင်ခဲ့ကြောင်း သိရသည်။

 

SSPP ထံသို့ လာရောက်ပူးပေါင်းခဲ့သည့် စိန်ကျော့နဲ့ မိုင်းခေး တပ်မဟာ (၃) မှာ အင်အား (၂၀၀) ကျော်ခန့်ရှိကြောင်း သိရှိရပါသည်။