နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

၂၀၂၆ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၁၈ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပသွားမည်

၂၀၂၆ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၁၈ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပသွားမည်

Hsan Loi Editor
28/09/2026
Share:
ယခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်များအသင်းထံမှ သိရပါတယ်။May be an image of fire, crowd, temple and text that says 'Phone Phone0 CH LayMyat -a Myat'
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ယခင်နှစ်များအတိုင်း ပြိုင်ပွဲတွေ ထည့်သွင်းကျင်းပသွားမှာဖြစ်ပြီး ညလွှတ်မီးပုံးပျံ ဖြစ်တဲ့ ညမီးကြီး၊ စိန်နားပန် နဲ့ နေ့လွှတ်အရုပ်တွေဖြစ်တဲ့ ခြေ ၂ ချောင်း၊ ခြေ ၄ ချောင်း အုပ်စုမီးပုံးပျံ စာရင်းတွေကိုတော့ ယနေ့ စက်တင်ဘာ ၁၇ ရက်မှ ၂၇ ရက်နေ့အထိ စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။May be an image of fire, crowd and fireworks
မီးပုံးပျံပြိုင်ပွဲဝင်အသင်းတွေကို သျှမ်းအစိုးရအဖွဲ့က ယမ်းပစ္စည်းနဲ့ နေ့လွှတ်အရုပ်အတွက် ငွေကျပ် ၅ သောင်း ထောက်ပံ့ပေးမယ်လို့လည်း မီးပုံးပျံအဖွဲ့ထံမှ သိရပါတယ်။May be an image of one or more people, fire, crowd and text
ယမန်နှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ညမီးကြီး မီးပုံးပျံ ၄၃ လုံးနဲ့ စိန်နားပန် မီးပုံးပျံ ၃၈ လုံး စုစုပေါင်း ၈၁ လုံး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ယခုနှစ် မီးပုံးပျံ အရေအတွက်ဟာ ယခင်နှစ်ထက် ပိုများလာနိုင်တယ်လို့ သိရပါတယ်။
May be an image of fire, crowd and fireworks
Photo – Internet