နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

၂၀၂၃ ခုနှစ်တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ ပွဲစဉ်ဇယားနှင့်ပြိုင်ပွဲဝင်စာရင်းများထွက်ပေါ်

၂၀၂၃ ခုနှစ်တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ ပွဲစဉ်ဇယားနှင့်ပြိုင်ပွဲဝင်စာရင်းများထွက်ပေါ်

Hsan Loi Editor
25/10/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၌ ယခုနှစ်၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပွဲတော်၏ ပွဲစဉ်ဇယားနှင့် ပြိုင်ပွဲဝင်မီးပုံးပျံစာရင်း ထွက်ပေါ်လာပြီဖြစ်သည်။

 

ထွက်ပေါ်လာသည့် စာရင်းများအရ ညလွှတ်ညမီးကြီးမီးပုံးပျံ (၃၈)လုံး၊ စိန်နားပန်မီးပုံးပျံ(၂၅)လုံး စုစုပေါင်း (၆၃)လုံး လွှတ်တင်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

 

ဒါ့အပြင် နေ့ခင်းပိုင်းတွင်လည်း နေ့လွှတ်အရုပ်ခြေ(၂)ချောင်း၊ နေ့လွတ်အရုပ်ခြေ(၄)ချောင်း မီးပုံးပျံများကိုလည်း လွှတ်တင်ယှဉ်ပြိုင်မည်ဖြစ်သည်။ အလားတူ မသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်းနှင့် ကထိန်လှည့်ခြင်း၊ မီးပဒေသာ လှည့်ခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။